(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပါဝင်ခဲ့သည့် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကျင်းပ
(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပါဝင်ခဲ့သည့် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 28, 2024
နေပြည်တော် မတ် ၂၈
(၇၉) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ချီတက် စစ်ရေးပြကြခဲ့ကြသည့် စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါဖျော်ဖြေပွဲတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ အနုပညာရှင်များ၊ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များက ဇာတိမာန်နှင့်မျိုးချစ်စိတ်ကို တက်ကြွစေမည့်တေးသီချင်းများ၊ ငြိမ့်ညောင်းသာယာလှသည့် မြန်မာသံတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ အကအလှများဖြင့်လည်းကောင်း၊ နိုင်ငံကျော် ဟာသပညာရှင်များက စိတ်ပျော်ရွှင်ချမ်းမြေ့စေမည့် ဟာသပျက်လုံးများဖြင့်လည်းကောင်း ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြရာ စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စိတ်လက်ရွှင်လန်းပျော်ရွှင်စွာဖြင့် တစ်ခဲနက်ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဖျော်ဖြေကြသည့် အနုပညာရှင်များနှင့်အတူ တစ်ပျော်တစ်ပါး ပါဝင်သီဆိုဆင်နွှဲကြသည်။
ထိုသို့ သီဆိုကပြဖျော်ဖြေနေမှုများကို စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များကလည်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစာများ
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 27, 2024
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်
ကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 26, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / Posted on April 25, 2024
စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ ဗုဒ္ဓါဘိသေက အနေကဇာတင်ပါဌ် PDF