ကျန်းမာရေးဝန်ကြီးဌာန ရာထူးတိုးမြှင့်တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုချီးမြှင့်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 23, 2024
image_latest


နေပြည်တော် ဧပြီ ၂၂

ကျန်းမာရေးဝန်ကြီးဌာန ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ချီးမြှင့်ထိုက်သူများကိုချီးမြှင့်ပေး

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ တိုးတက်အောင်မြင်စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စိတ်ရောကိုယ်ပါ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ပေးရန်အတွက် ရာထူးတိုးမြှင့်ပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

တတ်စွမ်းသရွေ့ကြိုးပမ်း

မိမိတို့ရာထူးနှင့် ထိုက်တန်သည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည့်အပြင် တာဝန်ယူမှု၊ တာဝန်ခံမှုများ လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့်အလျောက် လိုအပ်ချက်များ၊ စိန်ခေါ်မှုများရှိမည်ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်ချက်၊ စိန်ခေါ်မှုများရှိသည့်အတွက် တတ်စွမ်းသရွေ့ကြိုးပမ်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လိုအပ်ချက်များကို နိုင်ငံ့သားကောင်းပီသစွာဖြင့် မိမိတို့၏တစ်နိုင်တစ်ပိုင် စွမ်းအားဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

အပြည့်အဝဖြည့်ဆည်းပေး

ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် အရည်အသွေး ပြည့်မီစေရန်အတွက် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆေးသုတေသန၊ တိုင်းရင်းဆေးနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးစသည့် လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မိမိတို့ဝန်ထမ်းများအတွက် စိတ်ချမ်းသာမှုရှိစေရန်နှင့် လုပ်ငန်းခွင်သာယာစေရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ကျန်းမာရေးဝန်ကြီးဌာန၏ လိုအပ်ချက်များကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က အပြည့်အဝဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေး မည်မျှပင် စီမံဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းအခွင့်အရေးကို ခံစားနိုင်ရန် အနှောင့်အယှက်များ၊ အခက်အခဲများရှိနေမည်ဆိုပါက အကျိုးရှိနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်သူများအားလုံး တိုင်းပြည်နှင့် ပြည်သူကိုကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယခုရာထူး တိုးမြှင့်ခံရသူများ အပါအဝင် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ဆက်ဆံနေရသည့် အဓိကကျသူများဖြစ်သောကြောင့် တိုင်းပြည်နှင့်ပြည်သူအတွက် အကောင်းဆုံးကြိုးစားဆောင်ရွက်ပေးစေလိုပါကြောင်း။

ကိုယ်ချင်းစာတရားထားရှိ

မိမိတို့ ကျန်းမာရေးဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်သည့် ပြည်သူအားလုံး သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်ပြီး ရောဂါဘယများ ကင်းရှင်းစေရန်အတွက် မိမိတို့သင်ယူတတ်မြောက်ထားသည့် ပညာစွမ်းအား၊ ကြုံတွေ့ခဲ့ရသော လုပ်ငန်းအတွေ့အကြုံများကို အခြေခံ၍ မိမိတို့ကာကွယ် စောင့်ရှောက်ပေးရသည့် လူနာများအပေါ် ကိုယ်ချင်းစာတရားထားရှိပြီး မေတ္တာစေတနာအပြည့်ဖြင့် အရည်အသွေးပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှုများကို ထိထိရောက်ရောက် ပေးအပ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ရာထူးတိုးမြှင့်ခန့်အပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များသည် ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများကို ရာထူးတိုးမြှင့်ခန့်အပ်လွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယခု အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာနရှိဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ အရာထမ်း ၁၆၀၊ အမှုထမ်း ၄၇ ဦး စုစုပေါင်း ၂၀၇ ဦးကို ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၂၇၄၄ ခု

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download