ခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၃)  အစည်းအဝေးကျင်းပ


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / March 31, 2023


နေပြည်တော် မတ်လ ၃၀

          ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဝန်ကြီးဌာန၊ နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

            အစည်းအဝေးတွင်  ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က မြန်မာနိုင်ငံ၏ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများကို ကမ္ဘာနိုင်ငံနည်းတူ အစိုးရ-ပုဂ္ဂလိက-ပြည်သူ စုပေါင်းအားဖြင့် ပြန်လည်စတင်နိုင်ခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်းပြန်လည်စတင်ရေးအတွက် အာဆီယံနှင့် မဟာမဲခေါင် ဒေသခွဲနိုင်ငံများအပါအဝင် နိုင်ငံတကာ ခရီးသွားအသိုက်အဝန်းအထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် နိုင်ငံတကာ ခရီးသွားပြပွဲများသို့ ပါဝင်တက်ရောက်ခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ဝင်ခရီးသွားလုပ်ငန်းများအတွက် အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားဧည့်သည်များကို ဦးစားပေးဈေးကွက်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ အလားအလာကောင်းများရှိ သည့် ရုရှားခရီးသွားဈေးကွက်ကို မြှင့်တင်ရန် “Welcome Russia” Program in Myanmar အစီ အစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု အနေဖြင့် ၂၀၂၂ ခုနှစ်တွင် ၇၈ % တိုးတက်လာပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအထိ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၅၄ % တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေလွယ်ကူစွာဝင်ရောက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဖြေလျှော့ပေးနိုင်သည်များကို ဖြေလျှော့ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာသို့ အသိပေးကြော်ငြာထားချက်များနှင့် မြေပြင်အကောင်အထည်ဖော်မှုများ ကိုက်ညီနေရန် လိုအပ်ပါ ကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အစိုးရ- ပုဂ္ဂလိက ပူးပေါင်း၍ အထူးဈေးနှုန်းများဖြင့် “ပြည်တွင်းခရီးသွား ကမ်ပိန်းပုံစံမျိုးများကို အကောင်အထည်ဖော်ကြ စေလိုပါကြောင်း၊ ထိုသို့ဖော်ဆောင်ရာတွင် One Village One Product အစီအစဉ်နှင့် ခရီးသွား ကဏ္ဍကို ချိတ်ဆက်ဖော်ဆောင်နိုင်ရေး ကြိုးစားကြစေလိုပါကြောင်း၊

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတစ်ခုလုံး အရည်အသွေးပြည့်ဝလာရေးအတွက် အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စံနှုန်းများဖြင့် အကောင်အထည်ဖော်လျက်ရှိရာတွင် အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြစေလိုပါကြောင်း ပြောကြားပါသည်။

          ထို့နောက် ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်က ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၁) အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ကော်မတီသို့ တင်ပြ၍ မှတ်တမ်းတင် အတည်ပြုပြီး ဆောင်ရွက်ဆဲအခြေအနေများ၊ ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ စစ်တမ်းများ ဆောင်ရွက်နေမှုတို့ကို တင်ပြသည်။

          ယင်းနောက် ခရီးသွားလုပ်ငန်းကော်မတီဝင်များ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း အလျင်အမြန် ပြန်လည်တိုးတက်လာစေရေး မဟာဗျူဟာအား ရှင်းလင်းပြောကြားသည်။

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာ အသင်းအဖွဲ့များ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ တွေ့ဆုံပြီး နေပြည်တော်ကို သွားလာလည်ပတ်စရာကောင်းသော ခရီးစဉ်ဒေသတစ်ခုဖြစ်စေရန် အစီအမံများရေးဆွဲအကောင်အထည်ဖော်ရေး၊ ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ရာ၌ ကုန်ကျစရိတ်နှင့် ထိုက်တန်သော ဝန်ဆောင်မှုပေးရေး၊ တည်းခိုနေထိုင်သော ဧည့်သည်များ စိတ်ချမ်းမြေ့အောင် ဆောင်ရွက်ပြီး လည်ပတ်စရာများ ချိတ်ဆက်စီစဉ်ဆောင်ရွက်ပေးရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအပြင် ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာရေးအတွက် ဝိုင်းဝန်းမြှင့်တင်ကြော်ငြာ၍ ကြိုးစားကြရေး၊ နိုင်ငံတော်နှင့် လူထုအကျိုးစီးပွားကို မျှတအောင် ဆောင်ရွက်ကြရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစားကြရေး နှင့် ဝန်ကြီးဌာနအနေဖြင့်  လိုအပ်သည့်အပိုင်းများကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်

Source From: Kye Mon

သတင်းစာများ - ၂၇၃၈ ခု

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download