စာနာထောက်ထား ရိုင်းပင်းကူညီကြက်ခြေနီ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 08, 2024
image_latest


မည်သည့်အချိန်၊ မည်သည့်နေရာသို့ ရောက်ရှိနေသည်ဖြစ်စေ ကြုံတွေ့ကြရသည့် လူသားများ၏ ဆင်းရဲဒုက္ခ သောကဝေဒနာများကို ကရုဏာစိတ်ထားများဖြင့် ရိုင်းပင်းကူညီစောင့်ရှောက်ပေးသည့် သန့်စင်မွန်မြတ်သော မေတ္တာတရားများထားရှိကြသည့်ပုဂ္ဂိုလ်များတွင် ကြက်ခြေနီမောင်မယ်များသည် ရှေ့တန်းမှပါဝင်ကြပေသည်။ အကြင်နာလက်၊ အပြုံးမျက်နှာဖြင့် ကိုယ်ကျိုးစွန့်လွှတ်ကာ အများအကျိုး သယ်ပိုးထမ်းဆောင်ကြသည့် စေတနာ့ဝန်ထမ်းများဖြစ်သည်။

စာနာထောက်ထား၊ အကြင်နာတရားဖြင့် ကိုယ်ကျိုးစွန့်လွှတ်၍ အများအကျိုးထမ်းရွက်နိုင်သူများမှာ သာမန်လူသားများတွင် တွေ့နိုင်ခဲသည်။ ကိုယ်ကျိုးအတ္တစွန့်လွှတ်၍ ပရအကျိုးသက်သက်အတွက် မေတ္တာ၊ စေတနာ၊ ကရုဏာစိတ်များဖြင့် တက်ကြွစွာကူညီဆောင်ရွက်ပေးနေကြသည့် စေတနာ့ဝန်ထမ်းလူသားများကို စုစည်းဦးဆောင်ပြီး ကြက်ခြေနီအဖွဲ့အစည်းကို စတင်တည်ထောင်ပေးခဲ့သူမှာ ၁၈၂၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ မွေးဖွားသည့် ဟင်နရီဒူးနန့်ဆိုသူဖြစ်သည်။ ကြက်ခြေနီအသင်းကို စတင်တည်ထောင်သူ၊ ကြက်ခြေနီ၏ဖခင် ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် မေလ ၈ ရက်နေ့တွင် ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် ကမ္ဘာ့နိုင်ငံများတွင် ကျင်းပခဲ့ကြသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ “လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး “Keeping Humanity Alive” ဖြစ်သည်။ ကြက်ခြေနီအသင်းကြီး စတင်တည်ထောင်ခဲ့သည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဟင်နရီဒူးနန့်၏ ဝန်ခံချက်ကိုသူ၏ အတ္ထုပ္ပတ္တိရေးခဲ့ကြသူတိုင်းက ဖော်ညွှန်းခဲ့ကြသည်။ “လူသားတွေရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ လူ့အသက်တွေကို အလဟဿဆုံးရှုံးစေတဲ့၊ လူလူချင်းသတ်ဖြတ်တဲ့စစ်ပွဲတွေကို လူသားတိုင်းမုန်းတီးရွံရှာသွားပြီး စစ်ဆိုတာ မပေါ်ပေါက်စေချင်လို့ရယ်၊ တကယ်လို့ မလွှဲသာမရှောင်သာ စစ်ဖြစ်လာတဲ့အခါမှာ ဒဏ်ရာရတဲ့သူတွေကို ပြုစုစောင့်ရှောက်ပေးမယ့် အရည်အချင်းပြည့်ဝတဲ့ စာနာစိတ်၊ ကြင်နာစိတ်ရှိတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို ငြိမ်းချမ်းတဲ့အချိန်ကာလမှာ ဖွဲ့စည်းဆောင်ရွက်ကြ စေချင်လို့ပါဟု ဆိုထားသည်။

ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် စစ်ပွဲများကြောင့် လူသားသန်းပေါင်းများစွာတို့၏ အသက်ခန္ဓာများ ပျက်စီးဆုံးရှုံးခဲ့ကြသည်။ စစ်ကြောင့်ကြေကွဲစရာ၊ နာကျင်စရာဘဝပေါင်းများစွာတို့၏ အဖြစ်အပျက်များကို သင်ခန်းစာမယူနိုင်ကြဘဲ လောဘ၊ ဒေါသ၊ မောဟများကြောင့် ဤကမ္ဘာလောကကြီးတွင် လူသားများ ပျက်စီးသေကျေမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ စစ်ပွဲများကိုအကြောင်းပြု၍ လူသားတို့အား ကူညီစောင့်ရှောက်ရန် ကြက်ခြေနီအသင်း စတင်ပေါ်ပေါက်လာခဲ့သည်။ စာနာထောက်ထား စောင့်ရှောက်တတ်သောဓလေ့သည် လူသားတို့၏ ပင်ကိုစိတ်ရင်းဖြစ်သည်။ ရန်လိုမုန်းတီးမှုကို ဖယ်ရှားလျက် တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်ကူညီသော အလေ့အထကောင်းတစ်နည်း အကျင့်သိက္ခာကောင်းဖြင့်သာ လူ့ဘောင်လောကသည် သာယာလှပဖွံ့ဖြိုးမည်ဖြစ်သည်။

သို့သော် အမုန်းတရားများ၊ အာဃာတများမှာ လူ့ဘောင်လောကတွင် လွှမ်းမိုးနေဆဲဖြစ်သည်။ စစ်၏ဆိုးကျိုးကိုသိကြသော်လည်း ကိုယ်ကျိုးစီးပွား၊ အတ္တမာနများကြောင့် လူသားများကို နင်းခြေဖျက်ဆီးလျက်ရှိသည်။ လူသားများ၏ အတ္တများကြောင့် လူ့ဘောင်လောကသည် အကျည်းတန်လျက် စစ်ပွဲများ၊ ပဋိပက္ခများ မငြိမ်းအေးနိုင်သေးပေ။ စစ်ပွဲများ၊ ပဋိပက္ခများကြောင့် ခံစားကြရသည့် လူသားများကို စောင့်ရှောက်ကူညီဖေးမပေးရန် အလွန်လိုအပ်လျက်ရှိသည်။ ယင်းကိစ္စကို စတင်ကြိုးပမ်းခဲ့သူမှာ ဟင်နရီဒူးနန့်ဖြစ်သည်။ ဘေးသင့်လူသားများကို ကူညီစောင့်ရှောက်မှုပေးနိုင်သဖြင့် သက်သာမှု၊ နွေးထွေးမှုကိုရရှိခဲ့သည်။ ရန်သူ၊ မိတ်ဆွေ၊ အသားအရောင်၊ လူမျိုးမခွဲခြားဘဲ ကူညီစောင့်ရှောက်ပေးမည့် ကြက်ခြေနီအသင်း ပေါ်ပေါက်လာခဲ့သည်။ လူသားတို့၏ အသက်ခန္ဓာများစွာတို့ကို ကယ်တင်ပေးနိုင်ခဲ့သည်။ စစ်ပွဲများသာမက သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ကြရသူများ၊ မီးဘေး၊ ရေဘေး၊ လေဘေးကျရောက်သူများစသည့် အတိဒုက္ခကျရောက်သူ လူသားများကို ကြက်ခြေနီအဖွဲ့အစည်းများက ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။

မျက်မှောက်ကာလတွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ ဆောင်ပုဒ်ပါအတိုင်း လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရေးသည် အလွန်အရေးကြီး၊ အလွန်လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ကြက်ခြေနီ ရှေ့ဆောင်လမ်းပြတစ်ဦးအဖြစ် လူသားတစ်ဦး၏အသက်ကို ကယ်တင်ရန်အတွက် မိမိအသက်ကိုမငဲ့ကွက်ဘဲ စွန့်စားကယ်တင်ပေးခဲ့သည့် ရှမ်းအမျိုးသား ကြက်ခြေနီလူငယ် စိုင်းအောင်လှိုင်မြင့်ဆိုသူ ပေါ်ထွန်းခဲ့သည်။ အဆိုပါလူငယ်ကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့၏ အမြင့်ဆုံးဆုဖြစ်သည့် “ဟင်နရီဒူးနန့်ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ခဲ့သဖြင့် နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို တက်စေခဲ့သည်။ သို့ဖြစ်ရာ လူသားအချင်းချင်း စာနာထောက်ထား ရိုင်းပင်းကူညီပေးကြသည့် ကြက်ခြေနီအသင်းကို ဤနေ့တွင် ဂုဏ်ပြုလိုက်ရပါကြောင်း။         ။

သတင်းစာများ - ၂၇၅၉ ခု

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download