နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 08, 2024
image_latest


နေပြည်တော် မေ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနဝန်ထမ်းအိမ်ရာကို သွားရောက်ကြည့်ရှုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မကြာမီကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းများ ယာယီဖွင့်လှစ်နိုင်ရန် နေရာရွေးချယ်ထားကြရန်၊ သက်ဆိုင်ရာဌာနများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ဒေသခံပြည်သူများကလည်း ကလေးများကျောင်းတက်နိုင်ရေးအတွက် လှုံ့ဆော်ဆောင်ရွက်ပေးကြရန် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လုံခြုံရေးပိုင်းတာဝန်ယူရသော အဖွဲ့များကလည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးကြရန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆီဆိုင်မြို့အောင်စံပြည့်လွယ်မွေစေတီတော်ကျောင်းဝင်းအတွင်း နယ်စပ်ရေးရာဦးစီး ဌာနမှတည်ဆောက်ထားသော ဆီဆိုင်မြို့ရပ်ကွက် (၆) ရပ်ကွက်နှင့် ကျေးရွာများကို ဖြန့်ဖြူးပေးလျက်ရှိသော ရေစုကန်အားသွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများအား မှာကြားသည်။

ကြည့်ရှု

ယင်းနာက် ဆီဆိုင်မြို့ မြို့မစျေး ပြန်လည်သန့်ရှင်းရေးဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ပြန်လည်ပြုပြင်နေမှု၊ ဆီဆိုင်မြို့ဇဝနရာမကျောင်းတိုက်၊ မြို့ဦးရေထွက်မှ ဆိုလာစနစ်ဖြင့် ရေဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ အခြေခံပညာအထက်တန်းကျောင်းတွင် မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက လုံခြုံရေးတာဝန်ထမ်းဆောင်နေသောအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များကို စားသောက်ဖွယ်ရာ ပစ္စည်းများထောက်ပံ့ပေးအပ်ကြသည်။

အလှူငွေများ လှူဒါန်း

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆီဆိုင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မြို့နယ်ပြည်သူ့ဆေးရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆိုက်ခေါင်မြို့ ဇောတိကာရာမကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆီဆိုင်မြို့ ဇဝနရာမကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကောဝိဒအား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ လှူဒါန်းကြသည်။

ထို့နောက် ဆိုက်ခေါင်မြို့ ပါလောပါကယ်ကျေးရွာအုပ်စုရှိ ဇောတိကာရာမဘုန်းကြီးကျောင်း၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြန်လည်ထူထောင်ရေးကဏ္ဍတွင် အစိုးရအဖွဲ့တစ်ခုတည်းမဟုတ်ဘဲ ပြည်သူများပါဝင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးရန်နှင့် သက်ဆိုင်ရာ ဌာနများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထောက်ပံ့ပေးအပ်

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မိုင်းရှင်းလင်းရေး၊ လျှပ်စစ်မီးနှင့် ရေရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးကြရန်၊ ဌာနဆိုင်ရာများအားလုံးက တက်တက်ကြွကြွ ပါဝင်ဆောင် ရွက်ပေးကြရန် ပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်တို့က စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်တလုံးကြီး မြို့နယ်ထီလုံရပ်ကွက်နေ ပအိုဝ်းအမျိုးသားခေါင်းဆောင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦအောင်ခမ်းထီအားသွားရောက် တွေ့ဆုံဂါရဝပြု၍ ကျန်းမာရေးအခြေအနေမေးမြန်းကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

သတင်းစာများ - ၂၇၅၈ ခု

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download