နေပြည်တော်မှာရှိတဲ့ ခမ်းနာထည်ဝါသပ္ပာယ်လှတဲ့ ဘုရား၊ စေတီတွေကို လူရည်ချွန်မောင်မယ်တွေနဲ့ အတူတူဖူးမြော်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 25, 2024
image_latest


မောင်စိုင်းရန်လင်းရွှေ (ကချင်ပြည်နယ်)

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ နဝမတန်းလူရည်ချွန် ၁၄၀၊ ဒသမတန်း လူရည်ချွန် ၁၄၀၊ ဧကာဒသမတန်း လူရည်ချွန် ၁၃၇ ဦး၊ ဒွါဒသမတန်းလူရည် ချွန် ၁၃၇ ဦးစုစုပေါင်း လူရည်ချွန်ကျောင်း သား ကျောင်းသူ ၅၅၄ ဦးနှင့် ကြီးကြပ် ဆရာ ဆရာမ ၆၄ ဦးတို့သည် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်စခန်းအသီးသီးသို့ လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်နိုင်ရေးအတွက် နေပြည်တော်စုရပ်စခန်း၌ စုစည်းရောက်ရှိနေကြပြီး နေပြည်တော်ရှိ အထင်ကရနေရာများအား သွားရောက်လေ့လာလျက်ရှိကြသည်။

အဆိုပါ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ယနေ့တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော် ကြည်ညိုကြရာ ခမ်းနားထည်ဝါစွာ ပူဇော်ထုဆစ်ထားသည့် စေတီ၊ ပုထိုး၊ ဗုဒ္ဓရုပ်ပွားတော်များအား မျက်မြင်ဖူးမြော်တွေ့ရှိရမှုနှင့် အံ့မခန်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသည့် သာသနိကအဆောက်အဦများအား လေ့လာခွင့်ရရှိမှု ရင်တွင်းခံစားချက်များကို မေးမြန်းရေးသားတင်ပြလိုက်ရပါသည်။

ဒေါက်တာကျော်လွင် (တာဝန်ခံ၊ နေပြည်တော်လူရည်ချွန်စုရပ်စခန်း)

လူရည်ချွန်တွေဆိုတာက ဘက်စုံထူးချွန်တဲ့ကျောင်းသား ကျောင်းသူတွေဖြစ်ပါတယ်။ နောင်တစ်ချိန်မှာလည်း တိုင်းပြည်အတွက် အားကိုးအားထားရတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူရည်ချွန်တွေကို ဒီနေ့ညနေကစပြီး နေပြည်တော်က မာရဝိဇယဘုရားကြီးနဲ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို ဖူးမြော်စေပြီး ၂၅ ရက်မှာဆိုရင် စစ်သမိုင်းပြတိုက်နဲ့ အမျိုးသားပြတိုက်တွေကို လေ့လာရေးပို့ဆောင်မှာဖြစ်ပါတယ်။ ၂၆ ရက်မှာတော့ နိုင်ငံတော်အကြီးအကဲရဲ့ဩဝါဒခံယူပြီး ၂၇ ရက်မှာတော့ လူရည်ချွန်အပန်းဖြေစခန်းအသီးသီးကို သွားရောက်ကြမှာ ဖြစ်ပါတယ်။ အခုလို တစ်နိုင်ငံလုံးက လာရောက်ကြတဲ့ လူရည်ချွန်တွေကို အခုလိုစုစည်းပြီးတော့ တာဝန်ယူဆောင်ရွက်ပေးရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။

မောင်ဂျူးသက်ကို (ဧကာဒသမတန်း၊ လူရည်ချွန်နှစ်ထပ်ကွမ်း၊ မကွေးတိုင်းဒေသကြီး)

လူရည်ချွန်ဖြစ်ဖို့ဆိုတာက ငယ်ငယ်ကတည်းက ကျောင်းစာဘာသာရပ်တွေအပြင် အားကစားစတဲ့ကဏ္ဍအလိုက် ကြိုးစားခဲ့ရတာပါ။ အခုလို ကြိုးစားခဲ့သမျှတွေ အမှန်တကယ်ဖြစ်လာခဲ့တဲ့အတွက်လည်း အလွန်ကိုဝမ်းသာမိပါတယ်။ အရင်နှစ်ကလည်း ကျွန်တော်က လူရည်ချွန်ဖြစ်ခဲ့ပြီး တောင်ကြီးမြို့နဲ့ အင်းလေးဒေသဘက်တွေကို လေ့လာရေးသွားခဲ့ရပါတယ်။ အခုသွားရမယ့် ငွေဆောင်ခရီးစဉ်မှာဆိုရင် လည်း အတွေ့အကြုံတွေ အများကြီး ရလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ညီလေး၊ ညီမလေးတွေအနေနဲ့လည်း လူရည်ချွန် ဖြစ်ဖို့ ကြိုးစားစေချင်ပါတယ်။ လူရည် ချွန်ဖြစ်မယ်ဆိုရင် ဘဝအတွက်အခွင့်အလမ်းတွေ အများကြီးရရှိမှာဖြစ်ပါတယ်။ နေပြည်တော်မှာလည်း အခုလို အထင်ကရနေရာတွေကို လိုက်လံပို့ဆောင်ပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ နေပြည်တော်မှာရှိတဲ့ ဘုရား၊ စေတီတော်မြတ်ကြီးတွေဟာ အလွန်ကို ခမ်းနားထည်ဝါပြီး ကြည်ညိုဖွယ်ရာကောင်းပါတယ်။ ဘုရားသမိုင်းတွေကိုလည်း အသေးစိတ်လေ့လာခွင့်ရတဲ့အတွက် အကျိုးရှိတဲ့လေ့လာရေး ဖြစ်ခဲ့ပါတယ်။

မောင်စိုင်းရန်လင်းရွှေ (နဝမတန်း၊ လူရည်ချွန်တစ်ထပ်ကွမ်း၊ ကချင်ပြည်နယ်)

လူရည်ချွန်ဆိုတာက ကျွန်တော့်ဘဝမှာ အများကြီး မျှော်လင့်ကြိုးစားထားခဲ့ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ဆိုတာ ကျောင်းစာတစ်ခုတည်း တော်နေရုံနဲ့မရပါဘူး။ စိတ်ဓာတ်ပိုင်း၊ စာရိတ္တပိုင်း၊ ကာယပိုင်းနဲ့ အထွေထွေ ဗဟုသုတပိုင်းတွေမှာ ထူးချွန် ရပါမယ်။ အခုလက်တွေ့လူရည်ချွန်ဖြစ် လာတဲ့အပေါ်မှာလည်း လွန်စွာပျော်ရွှင်မိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လူရည်ချွန်ညီအစ်ကိုမောင်နှမ တွေနဲ့အတူ လေ့လာရေးခရီးထွက်ရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်။ ကျွန်တော့်အတွက် ဒေသန္တရဗဟု သုတအသစ်တွေလည်း ရရှိခဲ့ပါတယ်။ ဒီနေ့တော့ နေပြည်တော်မှာရှိတဲ့ ခမ်းနားထည်ဝါသပ္ပာယ်လှတဲ့ ဘုရား၊ စေတီတွေကို လူရည်ချွန်မောင်မယ်တွေနဲ့အတူတူ ဖူးမြော်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီကနေ သိရှိခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း ကျွန်တော့်ဒေသရောက်ရင် ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

မထက်အံ့ရှား (နဝမတန်း၊ လူရည်ချွန်တစ်ထပ်ကွမ်း၊ ကရင်ပြည်နယ်)

ကျွန်မအနေနဲ့ ကရင်ပြည်နယ် ကိုယ်စားပြုလူရည်ချွန်အဖြစ် လေ့လာရေးလာရတဲ့အတွက် အလွန်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။ လူရည်ချွန်ဆိုတာကလည်း အလွန်ကိုဖြစ်ချင်နေတဲ့ အိပ်မက်တစ်ခုဖြစ်တဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ရတဲ့ ခရီးလမ်းဟာ တော်တော်ခက်ခဲခဲ့ပါတယ်။ လူရည်ချွန်တစ်ယောက် ဖြစ်ဖို့ ကျောင်းစာတင်မကပဲ ဘက်စုံတော်အောင်ကြိုးစားခဲ့ရပါတယ်။ အခုလို လေ့လာရေးခရီးစဉ်တွေမှာလည်း ကျွန်မလို လူရည်ချွန်တွေနဲ့ အတူတကွ သွားရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ လူရည်ချွန်အချင်းချင်းလည်း အတွေ့အကြုံတွ မျှဝေကြတဲ့အတွက်လည်း ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။ နေပြည်တော်မှာရှိတဲ့ လေ့လာစရာနေရာတွေ ဘုရားတွေကို လိုက်လံပို့ဆောင်ပေးတဲ့အတွက်လည်း တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်။

မောင်ရန်နိုင် (ဒွါဒသမတန်း၊ လူရည်ချွန် သုံးထပ်ကွမ်း၊ ရှမ်းပြည်နယ်)

အခုလို လူရည်ချွန်မောင်မယ်များ နဲ့အတူ ကျွန်တော့်ပြည်နယ်ကိုယ်စားပြုလာရတဲ့အတွက် အလွန်ကိုဂုဏ်ယူမိပါတယ်။ ကိုယ့်မြို့နယ်၊ ကျောင်းနဲ့ ပြည်နယ်အတွက်လည်း ဂုဏ်ဆောင်ပြီးသား ဖြစ်စေပါတယ်။ လူရည်ချွန်တစ်ယောက် ဖြစ်ဖို့အတွက် မလွယ်ကူခဲ့ပါဘူး။ ဇွဲ၊ လုံ့လ၊ ဝီရိယပေါင်းစပ်ပြီး ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်က လူရည်ချွန် သုံးထပ်ကွမ်းဖြစ်တဲ့အတွက် နှစ်တိုင်းကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။

ကျွန်တော်တို့လို လူရည်ချွန်တွေကို လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။ ဒီလို လေ့လာရေးခရီးစဉ်တွေကတစ်ဆင့် အတွေ့အကြုံအသစ်တွေ အများကြီး ရရှိလာမှာဖြစ်ပါတယ်။ အခုဆို နေပြည်တော်က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အတွက်လည်း ရင်ထဲမှာ အတော်လေးအေးချမ်းမှုကို ရရှိခဲ့ ပါတယ်။

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ-ဖိုးပြည့်စုံ

သတင်းစာများ - ၂၇၄၄ ခု

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download