ပြည်တွင်းစားသုံးဆီဖူလုံရေးကြိုးပမ်းဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 25, 2024
image_latest


မြန်မာနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲ၊ ပြောင်း၊ နှမ်း စသည့် ဆီထွက်သီးနှံများကို ပြည်ပသို့တင်ပို့မှုရှိသော်လည်း စားသုံးဆီကို ပြည်တွင်းလိုအပ်ချက်ရှိသမျှ ပြည်ပမှတင်သွင်းနေရသည်။ ဆီထွက်သီးနှံများ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ပြည်ပမှ စားသုံးဆီတင်သွင်းနေရမှုကို ဆန်းစစ်သုံးသပ်ကြည့်ရမည်ဖြစ်သည်။ ပြည်တွင်းစားသုံးမှုလိုအပ်ချက်နှင့် စားသုံးဆီထုတ်လုပ်နိုင်မှု ကွာခြားနေသည့်အခြေအနေကို အဖြေရှာဆောင်ရွက်ကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင် ဆီထွက်သီးနှံအထွက်တိုးရေး ဆောင်ရွက်ရာ၌ မျိုး၊ မြေ၊ ရေ၊ နည်း ဤလေးချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျအသုံးချရန် လိုအပ်ပေသည်။ ဆီထွက်သီးနှံများကို မိုးနည်းရေရှားဒေသများ၌ စိုက်ပျိုးလေ့ရှိသဖြင့် လိုအပ်သည့် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်သည်။ လက်ရှိအချိန်တွင် သီးထပ်စွမ်းအားများ မြင့်မားလာရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက တောင်သူများအား တွန်းအားပေးကူညီဆောင်ရွက်နိုင်ရေးလိုအပ်သည်။ ဆီထွက်သီးနှံများကို သတ်မှတ်ထားသည့် တစ်ဧကအထွက်နှုန်းအတိုင်း အပြည့်အဝ ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသူ နိုင်ငံသားများသည် ဆီမပါလျှင် စားစရာမဖြစ်ဆိုသကဲ့သို့ ဆီကို စားစရာများတွင် မဖြစ်မနေအသုံးပြုကြသည်။ အချို့အနေဖြင့် ဆီကိုလိုသည်ထက်ပို၍ နှစ်ခြိုက်စွာစားသုံးကြသည်။ မြန်မာနိုင်ငံတွင် လူဦးရေတစ်နေ့တခြား တိုးတက်လာသည်နှင့်အမျှ တိုးတက်ပြောင်းလဲလာသော နေထိုင်စားသောက်မှုပုံစံများအရ စားသုံးဆီလိုအပ်ချက်လည်း မြင့်မားနေသည်ကို တွေ့ရသည်။ အမှန်တကယ်တွင် လူအများစားသုံးနေသောစားသုံးဆီအမျိုးမျိုးတို့တွင် ပြည့်ဝဆီ၊ မပြည့်ဝဆီ၊ အရောအနှောဆီ၊ ပြန်ကြော်ဆီ စသည်ဖြင့် အမျိုးမျိုးပါဝင်နေသည်ကို သတိပြုရမည်ဖြစ်သည်။ ကျန်းမာရေးနှင့် မညီညွတ်သောဆီတစ်မျိုးမျိုးကို ရေရှည်စားသုံးမိပါက သွေးအတွင်း ကိုလက်စထရောဓာတ်များမြင့်တက်လာပြီး နှလုံး၊ အသည်းအဆီဖုံးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း စသည့်ကုသရန်ခက်ခဲသောဝေဒနာများ ဖြစ်ပေါ်လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

စားသုံးဆီကို ပြည်ပမှ နှစ်စဉ်တင်သွင်းလျက်ရှိရာတွင် တစ်နှစ်ထက်တစ်နှစ် လျော့ကျသွားခြင်းမရှိဘဲ တန်ချိန်များစွာ တိုးတက်တင်သွင်းနေရသည်ကို တွေ့ရမည်ဖြစ်သည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တရားဝင်တင်သွင်းလာသော အရည်အသွေးစစ်ဆေးပြီးသည့် စားသုံးဆီများရှိသကဲ့သို့ အရည်အသွေးစစ်ဆေးမှု တစ်စုံတစ်ရာမပါရှိဘဲ တရားမဝင်ဝင်ရောက်လာသော စားသုံးဆီများတွင် ပုံပြောင်းအဆီအက်စစ်များနှင့် ကျန်းမာရေးနှင့်ကိုက်ညီမှုမရှိသော မှိုကဲ့သို့ အခြားဓာတ်ပစ္စည်းများ ပါရှိလာတတ်သည်မှာ အလွန်အန္တရာယ်ကြီးမားပြီး သတိ ထားရမည့်အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံသားများ၏အနေအထားမှာ တရားဝင်အသိအမှတ်ပြုထားသည်ကို အလေးမထားဘဲ ဈေးနှုန်းနှင့် မျက်မြင်အခြေအနေကို သာကြည့်၍ ဝယ်ယူစားသုံးနေကြသည်မှာ အလွန်အန္တရာယ်များလှသည်။

မြန်မာနိုင်ငံ၏ နေ့စဉ်စားသုံးမှုတွင် မပါမဖြစ်ပါရှိနေသည့် စားသုံးဆီနှင့် ပတ်သက်၍ ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်ပြီး အရည်အသွေးပြည့်ဝသော ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် ဆီလုပ်ငန်းရှင်များနှင့်အတူ တောင်သူအားလုံးတို့က ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ စားသုံးဆီတင်သွင်းနေမှုကို လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသလို ထိုသို့လျှော့ချနိုင်အောင်လည်း ဆီထွက်သီးနှံများ တိုးတက်ထုတ်လုပ်ရေး၊ ထွက်ရှိလာသော ဆီထွက်သီးနှံများကို အပြည့်အဝကြိတ်ခွဲထုတ်လုပ်ရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ ဆီထွက်သီးနှံများကို ဇုန်များသတ်မှတ်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းအတိုင်းထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဆီထွက်သီးနှံများကို ပြည်ပသို့တင်ပို့မှုရှိပြီး ကျန်ရှိသည့်သီးနှံများကို သက်ဆိုင်ရာလုပ်ငန်းရှင်များက အပြည့်အဝကြိတ်ခွဲပြီး စားသုံးဆီထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

စားသုံးသူများအနေဖြင့် ပြည်သူတစ်ဦးချင်းမှအစပြု၍ မိသားစု၊ အိမ်ထောင်စုများစွာတို့က စားသုံးဆီကို လိုသလောက်သာ ချင့်ချိန်သုံးစွဲကြခြင်းဖြင့် ပြည်သူ အားလုံး ကျန်းမာသန်စွမ်းပြီး နာတာရှည်ရောဂါများ ကင်းဝေးကြကာ မိမိတို့လုပ်ငန်းဆောင်တာများကို စွမ်းအားပြည့်စွမ်းဆောင်နိုင်ခြင်းနှင့်အတူ ပြည်ပမှစားအုန်းဆီတင်သွင်းမှုကြောင့် နိုင်ငံခြားငွေလိုအပ်ချက်ကို လျှော့ချနိုင်ပြီး လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာသောနိုင်ငံအဖြစ် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။ ။

သတင်းစာများ - ၂၇၄၅ ခု

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download