မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 24, 2024
image_latest


နေပြည်တော် ဧပြီ ၂၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနရုံးအမှတ်(၄)၌ ကျင်းပသည့် မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးသို့ တက်ရောက်သည်။

ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်များချမှတ်

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိုးရာသီကာလတွင် သဘာဝဘေးအန္တရာယ်များအနေဖြင့် ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ လေပြင်းတိုက်ခတ်မှု၊ မြေပြိုမှုစသည်တို့ဖြစ်ပွားနိုင်သကဲ့သို့ ကြိုတင်ခန့်မှန်းသိရှိနိုင်ခြင်းမရှိသော မြေငလျင်ဘေးအန္တရာယ်လည်းဖြစ်ပွားနိုင်ပါကြောင်း၊ ထိုသို့သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ သဘာဝဘေးအန္တရာယ် ပြီးနောက်တွင်လည်း ကူးစက်ရောဂါများအပါအဝင် ကျန်းမာရေး ပြဿနာများဖြစ်ပွားနိုင်သဖြင့် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်းဖြင့် အဆိုပါကျန်းမာရေးပြဿနာများကို လျှော့ချနိုင်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း ယခုကဲ့သို့ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးပြုလုပ်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သကဲ့သို့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်များချမှတ်ကာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

လုပ်ငန်းများသည် လုပ်ရိုးလုပ်စဉ်ဆောင်ရွက်မှုများဖြစ်သော်လည်း ယခင်လုပ်ဆောင်ခဲ့မှုများမှ အတွေ့အကြုံနှင့်သင်ခန်းစာများကိုရယူကာ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၌ အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သည့် သတင်းပေးပို့စနစ်နှင့် စီမံခန့်ခွဲမှုအား ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိုးရာသီအချိန်တွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အခြားကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်အမျိုးအစားများ မတူညီသည့်အတွက် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက်ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါကြောင်း။

ဖြည့်ဆည်းဆောင်ရွက်ပေးမည်

လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ကျန်းမာရေးဌာန တာဝန်ရှိသူများအနေဖြင့် ဒေသဆိုင်ရာအစိုးရအဖွဲ့များ၊ နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် လိုအပ်သလို ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများအတွက် ထပ်မံလိုအပ်သည်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နေ့စဉ်မိုးလေဝသသတင်းထုတ်ပြန်ချက်များကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်များ ထူးခြားစွာ ဖြစ်ပေါ်မှုသတင်းများကို စောင့်ကြပ်ကြည့်ရှုကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပါအဝင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်ထိရောက်စွာဖြင့် အားထုတ်ကြိုးပမ်းကာ ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ ယနေ့အစည်းအဝေးတက်ရောက်လာသူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများပေါ်မူတည်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်ပါကလည်း အကောင်းဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ကြစေရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ သဘာဝဘေးနှင့်ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး ဌာနခွဲက ၂၀၂၃ ခုနှစ်အတွင်းနှင့် ၂၀၂၄ ခုနှစ် ဧပြီလအထိ ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆွေးနွေးပြောကြား

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များတွင် ကျန်းမာရေးကဏ္ဍဆောင်ရွက်ခဲ့မှုများ၊ အတွေ့အကြုံကောင်းများနှင့် လာမည့်မိုးရာသီကာလအတွက် ကြိုတင်ပြင်ဆင်ထားမှုနှင့် လိုအပ်ချက်များအား ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းများအတွက် ဆွေးနွေးအကြံပြု ဆောင်ရွက်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၇၄၆ ခု

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download