မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ခရီးသွားဈေးကွက်မှာ အလားအလာရှိသော ဈေးကွက်တစ်ခုဖြစ်


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / April 30, 2024


နေပြည်တော် ဧပြီ ၂၉

တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-2 သင်တန်းများ ဖွင့်ပွဲ အခမ်းနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မန္တလေးမြို့ ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်း ကျောင်းတာဝန်ခံကျောင်းအုပ် ဦးအောင်မင်းစိုးနှင့် သင်တန်းနည်းပြ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီးနယ်ရုံးခွဲများမှ အရာထမ်း/ အမှုထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိအနေအထားအရ တရုတ်ခရီးသွား ဈေးကွက်သည် ကမ္ဘာ့ Outbound ခရီးသွားဈေးကွက်၏ မောင်းနှင်အားတစ်ခုဖြစ်ပြီး ကမ္ဘာနှင့် တစ်ဝန်း သွားလာလည်ပတ်မှုအများဆုံး အနေအထား၌ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ တရုတ်ခရီးသွားများ သွားလာလည်ပတ်မှု အများဆုံးခရီးစဉ် ဒေသများတွင် အရှေ့တောင် အာရှဒေသပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်ခရီးသွားဈေးကွက်မှာ အလားအလာရှိသော ဈေးကွက်တစ်ခုပင်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ စာရင်းဇယားများအရ မြန်မာနိုင်ငံသို့ ဗီဇာဖြင့် ပြည်ပခရီးသွားဧည့်သည် ရောက်ရှိမှု စာရင်းတွင် တရုတ်ခရီးသွားဧည့်သည် ရောက်ရှိမှုမှာ ထိပ်ဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေသည် ကို တွေ့ရှိရပါကြောင်း။

တရုတ်ဘာသာစကားပြော သင်တန်းများကိုလည်း ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော် နှင့် ပုဂံတို့တွင် သက်ဆိုင်ရာသံရုံး၊ အဖွဲ့အစည်းများ၊ ကျောင်းများနှင့် ပူးပေါင်း၍ ဖွင့်လှစ်သင်ကြား ပေးခဲ့ပါကြောင်း၊ ယခုသင်တန်းကို ဖူးကျင့်နိုင်ငံတကာ ဘာသာစကား သင်ကြားရေးဌာနမှ သင်ကြားပေးမည်ဖြစ်ပြီး တက်ရောက်ကြမည့် ဝန်ထမ်းများအနေဖြင့် အကျိုးရှိရှိ ထိရောက်အောင် လေ့လာသင်ယူ ကြရန်နှင့် လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရန် ဆက်လက်ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်လျော်ညီသည့် စွမ်းရည်များရှိစေရန် ကြိုးစားပြီး ဝန်ကြီးဌာနမှ အားကိုးအားထားပြုရသော ဝန်ထမ်းကောင်းများ ဖြစ်အောင်ကြိုးစားအားထုတ် ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မန္တလေးမြို့ ဖူးကျင့်နိုင်ငံတကာဘာသာစကား သင်တန်းကျောင်း တာဝန်ခံ ကျောင်းအုပ် ဦးအောင်မင်းစိုးက သင်တန်းကျောင်းဖွင့်လှစ်နေမှု၊ ဘာသာစကား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုနှင့် ယခုတရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-2 သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-2 သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။ အဆိုပါတရုတ်ဘာသာ စကားပြောသင်တန်းများကို သင်တန်း ကာလနှစ်လအကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၁၀၀ ခန့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Source From: Myanmar Alin

သတင်းစာများ - ၂၇၆၁ ခု

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ ၊ မေ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၂၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download