လယ်ယာမြေကို နှစ်နှစ်အထက် လှပ်ထားခြင်းကို စိစစ်တွေ့ရှိပါက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 26, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေပေါ်၌ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ကြန့်ကြာမှုမရှိစေဘဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အတည်ပြုဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

ကြပ်မတ်ဆောင်ရွက်

လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိပြီး သူများအနေဖြင့် ခွင့်ပြုသည့် နေ့ရက်မှ ခြောက်လအတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း လုပ်ငန်းပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်အနေဖြင့် လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ကို ပြန်လည်ပယ်ဖျက်နိုင်ရေး ဆောင်ရွက်ခြင်းကိုလည်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။

လယ်ယာမြေကို နှစ်နှစ်အထက် လှပ်ထားခြင်းကို စိစစ်တွေ့ရှိပါက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူပြီး စိုက်ပျိုးလုပ်ကိုင်နိုင်သူများကို စိစစ်၍ ပြန်လည်ခွဲဝေကာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် လယ်ယာကုန်ထုတ် စွမ်းအားတိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်ရဧရိယာအားလုံးကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖော်ထုတ်လုပ်ကိုင်ပြီးစီးခြင်း၊ သီးနှံပင်များ စိုက်ပျိုးဖြစ်ထွန်းမှုရှိပြီး ဆွတ်ခူးနိုင်ရန် အရွယ်ရောက်ရှိနေခြင်း၊ အနာဂတ်တွင် လယ်ယာမြေအဖြစ် ဆက်လက်တည်တံ့သွားရန် အခြေအနေရှိခြင်း၊ လယ်ယာမြေအဖြစ် ဆက်လက်တည်တံ့သွားခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် ပိုမိုဖော်ဆောင်ပေးနိုင်ခြင်း စသည့်အနေအထားကို ရောက်ရှိပါက လုပ်ပိုင်ခွင့်ရရှိထားသူအနေဖြင့် လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် ဥပဒေနှင့်အညီ လျှောက်ထားနိုင်ပြီး လယ်ယာမြေဥပဒေပါ အခွင့်အရေးများကို ခံစားနိုင်ကြမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက်လည်း လယ်ယာမြေများကို ဥပဒေနှင့်အညီ တိုးချဲ့လာနိုင်မည်ဖြစ်ပါကြောင်း။

သီးနှံစိုက်ပျိူးထုတ်လုပ်မှုမြင့်မား

အချို့သော နေရာဒေသများ၌ လယ်မြေတွင် စပါးသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းထက် တောင်သူများအတွက် ဝင်ငွေပိုမိုရရှိနိုင်မည့် ဒေသနှင့်ကိုက်ညီသော ဝင်ငွေရ သီးနှံ Cash Crop ကို ပြောင်းလဲစိုက်ပျိုးခွင့်ပြုပေးနိုင်ပါရန် တင်ပြလာမှုများ တွေ့ရှိရကြောင်း၊ ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေဥပဒေပုဒ်မ ၂၈ ပုဒ်မခွဲ (က) အရ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီး ဒေသအတွင်း ဆန်စပါးဖူလုံမှုနှင့် ပတ်ဝန်းကျင်လယ်ယာမြေများကို ထိခိုက်နိုင်မှုမရှိပါက ဒေသနှင့်ကိုက်ညီပြီး တောင်သူများအတွက် ဝင်ငွေပိုမိုရရှိနိုင်မည့် ဝင်ငွေရသီးနှံ Cash Crop ပြောင်းလဲစိုက်ပျိုးနိုင်ရေးကို ခွင့်ပြုပေးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ ခွင့်ပြုချက်မရှိပဲ မိမိသဘောအလျောက် သီးနှံပြောင်းလဲစိုက်ပျိုးခွင့် မရှိသည်ကို သိရှိနားလည် ကြစေရန်ကိုလည်း အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ သီးနှံစိုက်ပျိူးထုတ်လုပ်မှု မြင့်မားလာပြီး ဒေသအတွင်း စီးပွားဖွံ့ဖြိုးမှု တိုးတက်လာမည်ဖြစ်၍ ဆွေးနွေးဆုံးဖြတ်သွားရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးရမည့် လုပ်ငန်းစာတွဲများကို တင်ပြရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လုပ်ငန်းကဏ္ဍအလိုက် အကြောင်းအရာတစ်ခုချင်းအပေါ် စိစစ်ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် တိုင်းဒေသကြီးပြည်နယ်၊ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လျော်ကြေး၊ နစ်နာကြေးတွက်ချက်တင်ပြလာသော လုပ်ငန်းကိစ္စရပ်များ၊ တိုင်းဒေသကြီးပြည်နယ်ခုနစ်ခုတွင် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိပြီး ခွင့်ပြုသည့်နေ့ရက်မှ ခြောက်လအတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင်အသုံးမပြုသည့် ကိစ္စရပ်များ၊ လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဒဏ်ကြေးငွေပေးဆောင်ရန် အဆိုပြုတင်ပြလာသော လုပ်ငန်းကိစ္စရပ်များနှင့် သတ်မှတ်ဒဏ်ကြေးပေးဆောင်ပြီးဖြစ်ကြောင်း ဘဏ်ငွေသွင်းချလန် မိတ္တူများနှင့်အတူ ပြန်လည်တင်ပြလာခြင်းအတွက် ခွင့်ပြုမိန့်(ပုံစံ-၁၅) ထုတ်ပေး နိုင်ရေး ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်သည့် Standard Operating Proce-dure–SOP ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။                 

သတင်းစဉ်

သတင်းစာများ - ၂၇၄၇ ခု

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download