လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 08, 2024
image_latest


ယနေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် မွန်မြတ်လှသည့်   ကြက်ခြေနီလူမှုကရုဏာလှုပ်ရှားမှုများနှင့် အဆိုပါလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ကြသည့် စေတနာ လုပ်အားရှင်များကိုဂုဏ်ပြုသည့် “ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ မေ ၈ ရက်တွင် စတင်ကျင်းပခဲ့သည့် ကမ္ဘာ့ကြက်ခြေနီနေ့များသည်   အပြည်ပြည်ဆိုင်ရာ   ကြက်ခြေနီကော်မတီကို စတင်တည်ထောင်သူ ဟန်နရီဒူးနန့် မွေးဖွားခဲ့သည့် မေလ ၈ ရက်ကို ဂုဏ်ပြုခြင်းပင်ဖြစ်သည်။

ကိုလိုနီနိုင်ငံဘဝ ၁၉၂၀ ပြည့်နှစ်တွင် အိန္ဒိယကြက်ခြေနီအသင်းခွဲအဖြစ် စတင်ခဲ့ရသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အိန္ဒိယမှမြန်မာကို ပြန်လည်ခွဲထုတ်သည့် ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖြစ် တရားဝင်ဖြစ်တည်လာခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် အမျိုးသားကြက်ခြေနီအသင်းအဖြစ် အိုင်စီအာစီက အသိအမှတ်ပြုခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံတွင် သက်တမ်းအရင့်ဆုံးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်း (Humanitarian Organization) ပင်ဖြစ်သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အမျိုးသားအဆင့် အဖွဲ့အစည်းဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုနယ်ပယ်တွင် နိုင်ငံတော်၏အရန်အင်အားလည်းဖြစ်သည်။ ပြီးခဲ့သည့် ကိုဗစ်-၁၉ ကပ်ရော ဂါကူးစက်ပျံ့နှံ့မှုပြင်းထန်ခဲ့သည့် ကာလများနှင့် အလွန့်အလွန်အင်အားပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်တိုက်ခတ်ခဲ့သည့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်ကာလများတွင်   ကြက်ခြေနီစေတနာလုပ်အားရှင်များက လူသားချင်းစာနာထောက်ထားမှုအကူအညီများကို  ဒေသအလိုက် ပါဝင်ကူညီလှုပ်ရှားဆောင်ရွက်ပေးခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မီးဘေး စသည့်ဘေးအန္တရာယ်များတွင် လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာမခွဲခြား လူမှုဒုက္ခခံစားရသူအားလုံးကို အစွမ်းကုန်ကူညီစောင့်ရှောက်ပေးခဲ့ခြင်းပင် ဖြစ်သည်။

ကြက်ခြေနီစိတ်ဓာတ်နှင့် အရည်အသွေးမြင့်မားသည့်  ကြက်ခြေနီတပ်ဖွဲ့ဝင်မောင်မယ်များကို ချီးမြှင့်အားပေးသည့်အနေဖြင့် စံပြကြက်ခြေနီစခန်းများ ဖွင့်လှစ်ဂုဏ်ပြုသည့် အစီအစဉ်ကို ၁၉၇၁ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ (၁၇)ကြိမ်ဆောင်ရွက်ခဲ့ပြီး စံပြကြက်ခြေနီတပ်ဖွဲ့ဝင်မောင်မယ်ပေါင်း ၃၃၇၉ ဦးကို ဂုဏ်ပြုခဲ့သည်။ ယင်းနောက် ၁၉၉၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထူးချွန်ကြက်ခြေနီစခန်း  (၂၁) ကြိမ်  ဖွင့်လှစ်ခဲ့ပြီး   ထူးချွန်ကြက်ခြေနီတပ်ဖွဲ့ဝင်မောင်မယ် ၃၂၃၇ ဦးကို ဂုဏ်ပြုခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ဟင်နရီဒူးနန့်ဆုရှင် စိုင်းအောင်လှိုင်မြင့် (တပ်ကြပ်ကြီး)၊ မြစ်ကြီးနားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့အား နိုင်ငံတော်ကဝဏ္ဏကျော်ထင်ဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနှစ်တွင်ပင် သွေးလှူရှင်များအတွက် လူမှုထူးချွန်ဆု (ပထမအဆင့်) ကို ကချင်ပြည်နယ်မှ ကြက်ခြေနီအသင်းဝင်နှစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ကြက်ခြေနီအသင်းဝင်တစ်ဦးတို့က ရရှိခဲ့ကြသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုအကြိမ်ရေ ပိုမိုများပြားလာပြီး ပိုမို၍လည်း ပြင်းထန်လာလျက်ရှိရာ မိမိတို့နိုင်ငံသည် ပထဝီအနေအထားအရ သဘာဝဘေးအန္တရာယ်ကျရောက်မှု အလားအလာမြင့်မားသည့် နိုင်ငံများထဲတွင် ပါဝင်လျက်ရှိသည်။ နိုင်ငံ၏အခြေအနေအရ ကြက်ခြေနီစေတနာလုပ်အားရှင် အင်အားတိုးပွားလာစေရန်၊ လူငယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ ပိုမိုပါဝင်လာရန်၊ စည်းရုံးဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့၏ “လူသားချင်းစာနာမှုအစဉ်ရှင်သန်ရေး၊ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” ဟူသောဆောင်ပုဒ်နှင့်အညီ လူသားချင်းစာနာမှုလူမှုကရုဏာလုပ်ငန်းများ စဉ်ဆက်မပြတ် ရှင်သန်ဖြစ်ထွန်းနေစေရန်အတွက် လူငယ်ဘဝတက်ကြွသည့်အားမာန်၊ ထက်သန်သည့်စေတနာတို့ဖြင့် ကြက်ခြေနီအသင်းကြီးတွင် ပါဝင်ဆောင်ရွက်ကြရေး တိုက်တွန်းအားပေးလိုက်ရပါကြောင်း။     ။

သတင်းစာများ - ၂၇၅၉ ခု

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download