သဘာဝဘေးအန္တရာယ် ကြိုတင်သတိပြုကာကွယ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 20, 2024
image_latest


နွေရာသီကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ နေ့အပူချိန်များ တစ်နေ့တခြားမြင့်တက်လာရာမှ အပူပြန်တက်တိမ်များဖြစ်ထွန်းပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကာဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

ထုတ်ပြန်အသိပေးထားသည့်အတိုင်း ယခုကာလတွင် မြန်မာနိုင်ငံတစ်ဝန်း၌ အပူပြန်တက်တိမ်များဖြစ်ထွန်းမှုကြောင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်လာခဲ့ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။

ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ကျေးရွာအုပ်စုများ၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများဖြစ်ပေါ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အဆောက်အအုံများ အမိုးလန် ပျက်စီးခြင်း၊ ပြိုကျခြင်းနှင့် လျှပ်စစ်မီးတိုင်များ ကျိုးကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရသည်။ အဆိုပါဖြစ်စဉ်များမှာ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်၍ မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုအန္တရာယ်များကို ကြိုတင်ပြင်ဆင်သတိပြု ကာကွယ်ထားကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းက အဆိုပါဖြစ်စဉ်ကဲ့သို့ လေပြင်းတိုက်ခတ်မှုအကြိမ်ရေ ၆၅၀ ကျော်ဖြစ်ပွားခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ နေအိမ်အဆောက်အအုံပေါင်း ၂၁၇၀၀ ကျော် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟုသိရသည်။ ဤရာသီတွင် ဖြစ်ပေါ်လေ့ရှိသည့် လေပြင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ ထိခိုက်မှုလျော့နည်းစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပညာပေးခြင်း၊ လေပြင်းဒဏ်ကို ခံနိုင်ရည်နည်းပါးသည့် အိုးအိမ်များကိုရွေးချယ်၍ ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်သူများအနေဖြင့် ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းလက်တွဲပြီး မိုးသက်လေပြင်းအန္တရာယ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက် သင့်သည်များကို တက်တက်ကြွကြွဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် မိမိတို့နေအိမ်ပတ်ဝန်းကျင်အား ဆောင်ရွက်သင့်သည်တို့ကို ပြုလုပ်ကြရမည်ဖြစ်သည်။ လေပြင်းမတိုက်ခတ်မီ မိမိအိမ်၏ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းအောင် ပြုလုပ်ထားရန်လိုအပ်သည်။ ဒေါက်တိုင်များ၊ အိမ်တိုင်များ၊ အမိုးများကို ခိုင်ခံ့အောင် ပြုလုပ်ထားရမည်ဖြစ်သည်။

လေပြင်းတိုက်ခတ်နေချိန်တွင် လွင့်ပါလာသည့် အမှိုက်သရိုက်ပစ္စည်းများနှင့်အတူ အန္တရာယ်ရှိနိုင်သောအရာများပါလာနိုင်သဖြင့် မလိုအပ်ဘဲအပြင်မထွက်ရန် လိုအပ်သည်။ တံခါးများ၊ ပြတင်းပေါက်များကို မြဲမြံစွာပိတ်ထားရန်နှင့် မှန်ပြတင်းပေါက်များဖြစ်လျှင် တိပ်ပြားဖြင့် ကန့်လန့်ဖြတ်ကပ်ထားရန်လိုအပ်သည်။ လေတိုက်ခတ်မှုအလွန်ပြင်းထန်ပါက မှန်ပြတင်းပေါက်နှင့်ဝေးရာတွင်နေထိုင်ပြီး ခိုင်ခံ့သောအရာဝတ္ထုတစ်ခုခုကို အကာအကွယ်ယူထားရန်လိုအပ်သည်။ လျှပ်စစ်နှင့်သက်ဆိုင်သောပစ္စည်းများကိုလည်း ကြိုတင်ပိတ်ထားရန်၊ ဖြုတ်ထားရန်လိုအပ်သည်။ လေပြင်းတိုက်ခတ်ပြီး မိုးထစ်ချုန်းနေစဉ်တွင် လယ်ကွင်းသို့မဟုတ် ကွင်းပြင်ထဲတွင် နေထိုင်ခြင်းကို တတ်နိုင်သမျှရှောင်ရှားရန်လိုအပ်သည်။

လေပြင်းတိုက်ခတ်ပြီးနောက်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကူညီကယ်ဆယ်ရေးနှင့် အပျက်အစီးများ ရှင်းလင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုအပ်သည်။ လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးကျ၊ ယိုင်လဲ၊ ပြိုပျက်နေသောဓာတ်တိုင်များ၊ ဓာတ်ကြိုးများ၊ သစ်ပင်များ၊ သစ်ကိုင်းများ၊ အဆောက်အအုံများနှင့်ဝေးရာတွင် နေထိုင်ရန်လိုအပ်သည်။ ထိခိုက်ဒဏ်ရာရသူများရှိပါက နီးစပ်ရာကျန်းမာရေးဌာနများ၌ လိုအပ်သည့်ဆေးကုသမှုခံယူနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုအပ်သည်။ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သည့်ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့်သားသည်မိခင်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ စသည့်အကူအညီလိုအပ်နေသူများကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ယခုနွေရာသီကာလတွင်ဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် ပြည်သူများအတွက် အန္တရာယ်ရှိနိုင်သော အခြေအနေအမျိုးမျိုးတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများက နေ့စဉ်အသိပေးနှိုးဆော်လျက်ရှိရာ ပြည်သူ များအနေဖြင့် အသိတရားဖြင့် ကိုယ်တိုင်ပါဝင်၍ နိုးနိုးကြားကြား တက်တက်ကြွကြွ ဆောင်ရွက်ကြပြီး သတိပြုလိုက်နာဆောင်ရွက်အပ်သည့် ဆောင်ရန်/ရှောင်ရန် အချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြခြင်းဖြင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် ထိခိုက်မှုအန္တရာယ်များကို လျော့ပါးသက်သာအောင် လျှော့ချပေး နိုင်မည်ဖြစ်ပါကြောင်း။  ။

သတင်းစာများ - ၂၇၄၃ ခု

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download