အခက်အခဲများကျော်လွှား စိုက်ပျိုးစီးပွားထွန်းကား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 24, 2024
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိပြီး ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ရန် တိုင်းပြည်သာယာဝပြောရေးနှင့် နိုင်ငံတော်တွင် လူတစ်ဦးချင်းစီ၏ အခြေခံဝင်ငွေဖြင့်ပင် စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်မည့် စားရေရိက္ခာပေါများရေးကို အလေးထားဆောင်ရွက်နေသည်။

တိုင်းပြည်သာယာဝပြောပြီး စားရေရိက္ခာပေါများရေးအတွက် အဓိကလိုအပ်ချက်မှာ ပြည်တွင်း၌ ထုတ်ကုန်များကို ပြည့်ဝစွာထုတ်လုပ်နိုင်ရေးဖြစ်သည်။ ထို့ကြောင့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဒေသအသီးသီး၌ ပြည့်စုံလုံလောက်စွာဖြင့် ထုတ်လုပ်နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်စွမ်းအားမြှင့်တင်ရေးကို စဉ်ဆက်မပြတ် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးစွမ်းအားများ မြင့်မားလာပြီး ထုတ်ကုန်များတိုးတက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကဦးစားပေး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ရှေးကာလများအတွင်းက ဆန်ရေစပါးရှားပါးပြတ်လပ်သည့် အခြေအနေများဖြစ်ပေါ်ခဲ့ဖူးသည်။ မှတ်တမ်းမှတ်ရာများအရ ၁၉၆၂-၁၉၆၃ ခုနှစ် ကာလတွင် စပါးအထွက်နှုန်းမှာ တစ်ဧကလျှင် ပျမ်းမျှ ၃၁ တင်းသာထွက်ရှိခဲ့ပြီး ၁၉၆၇-၁၉၆၈ ခုနှစ်ကာလက တစ်ဧကလျှင် ပျမ်းမျှ ၂၈ ဒသမ ၃ တင်းသာထွက်ရှိခဲ့သဖြင့် ပြည်သူများ စားရေရိက္ခာ အကျပ်အတည်းများဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ရခြင်းမှာ နိုင်ငံအတွင်း ရာသီဥတုဖောက်ပြန်ဆိုးရွားမှုများကြောင့် စပါးအထွက်နှုန်းကျဆင်းပြီး ဆန်စပါးပြတ်လပ်မှုများနှင့်ကြုံတွေ့ခဲ့ရသည်။ ဒေသတွင်း နိုင်ငံများ၌လည်း အလားတူဖြစ်စဉ်မျိုးပေါ်ပေါက်ပြီး အကျပ်အတည်းများဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ယင်းဖြစ်စဉ်များကို သင်ခန်းစာယူပြီး ခေတ်အဆက်ဆက်တွင် စပါးအထွက်နှုန်း တိုးတက်ရေးကို အစိုးရအဆက်ဆက်က ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ မျက်မှောက်ကာလတွင် ရာသီဥတုအခြေအနေနှင့်ဆီလျော်စွာ နည်းစနစ်တကျ ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် စိုက်ပျိုးစွမ်းအားများ ပြန်လည်မြင့်မားတိုးတက်လာခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းအချက်(၄)ချက်ကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သောကြောင့် သီးထပ်စွမ်းအားများတိုးတက်လာပြီး စိုက်ပျိုးစွမ်းအားများ မြင့်မားတိုးတက်ကာ စားရေရိက္ခာဖူလုံရေးကို ထိရောက်စွာ ဆောင်ရွက်လာနိုင်သည်။

“မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာထုတ်လုပ်နိုင်သည့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် နိုင်ငံတကာတွင် စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကို အထောက်အကူပြုနိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ဝင်ငွေကိုလည်း တိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာပေါများရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄)တွင် ပြောကြားခဲ့သည်။

ယခုအခါ ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် သဘာဝဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ခြင်းမပြုနိုင်သော်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်မှုများဖြင့် လျှော့ချနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်တွင် စိုက်ပျိုးရေးလုပ်ငန်းများကို တွင်ကျယ်စွာလုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များက တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ ဆန်စပါးအပြင် ဆီထွက်သီးနှံများနှင့် ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်ရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ ဆီထွက်သီးနှံများနှင့်ပတ်သက်၍ နှစ်စဉ်ပြည်ပမှ စားသုံးဆီများကို တင်သွင်းနေရသလို ပြည်တွင်းမှ ဆီထွက်သီးနှံထွက်ကုန်များကို ပြည်ပသို့တင်ပို့နေမှုများလည်းရှိသည်။ ဝါဂွမ်းကို ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ပြည်ပမှချည်ထည်များ တင်သွင်းနေရမှုများရှိသည်။ ထို့ကြောင့် ဆီထွက်သီးနှံနှင့်ဝါဂွမ်းကို ပြည်တွင်း၌ အဆင့်မီစွာထုတ်လုပ်ကြရန်လိုအပ်သည်။

သို့ဖြစ်ရာ နိုင်ငံ့စီးပွားရေးတိုးတက်ကောင်းမွန်အောင် ပြည်တွင်း၌ ရေခံမြေခံကောင်းများနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်သော်လည်း စီးပွားရေးပိတ်ဆို့မှု၊ ကုန်သွယ်ရေးလမ်းကြောင်းဟန့်တားမှု၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်မှုများကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးပိတ်ဆို့မှုအခက်အခဲများရှိနေခြင်းဖြစ်ပြီး အဆိုပါအခက်အခဲများကိုကျော်လွှားပြီး ပိုမိုကောင်းမွန်သော စိုက်ပျိုးစီးပွားများ ထွန်းကားလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။         ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)

သတင်းစာများ - ၂၇၄၅ ခု

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download