ပြည်သူကိုကာကွယ်စောင့်ရှောက် နိုင်ငံ့ရည်မှန်းချက်ကိုဖော်ဆောင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 27, 2024
image_latest


တပ်မတော်သည် လွတ်လပ်ရေးမရမီကာလကတည်းက နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး စသည့်တိုက်ပွဲပေါင်းများစွာတို့ကိုဆင်နွှဲလျက် မိဘပြည်သူတို့နှင့်အတူ လွတ်လပ်ရေးကိုအရယူပေးခဲ့သည်။ ထို့အတူ လွတ်လပ်ရေးရရှိပြီးသည့်နောက်တွင်လည်း ထိုလွတ်လပ်ရေး မဆုံးရှုံးရလေအောင် အသက်ပေါင်းမြောက်မြားစွာတို့ကိုစတေး၍ ကာကွယ်ပေးခဲ့သည်။ ယနေ့ထက်တိုင်အောင်ပင် ကာကွယ်စောင့်ရှောက်လျက်ရှိသည်။

တိုင်းပြည်ကြီး မပြိုကွဲမပျက်စီးအောင် ကာကွယ်စောင့်ရှောက်ရမည့်အရေးကို တပ်မတော်သည် အဓိကတာဝန်အဖြစ် ထမ်းဆောင်လျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ မိဘပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်ကြီး မယိမ်းမယိုင် မတ်မတ်ခိုင်မာစေရေးတို့ကို သမိုင်းပေးတာဝန်အဖြစ် ထမ်းဆောင်လျက်ရှိသည်။ အကယ်၍သာ တိုင်းပြည်ကို မစောင့်ရှောက်၊ မကာကွယ်နိုင်ပါလျှင် မိမိတို့၏ ဘိုးဘေးဘီဘင်များက သွေးနှင့်ရေးဆွဲပေးခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် တစ်မျိုးတစ်ဖုံပြောင်းလဲသွားမည်မှာ သေချာပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသမိုင်းကြောင်းတစ်လျှောက်တွင် ပြည်တွင်း၊ ပြည်ပ ပယောဂများကြောင့် နိုင်ငံ၌မတည်ငြိမ်မှုဖြစ်နေချိန်၊ မြန်မာနိုင်ငံ၏အရှေ့မြောက်ဒေသမှစ၍ လက်နက်ကိုင်သောင်းကျန်းသူများက တိုက်ပွဲဖော်နေချိန်၊ အတွေ့အကြုံနုနယ်သည့် လူငယ်လူရွယ်များ သောင်းကျန်းသူနယ်မြေသို့ ရောက်ရှိသွားချိန်တို့နှင့်တစ်ပြိုင်တည်းတွင် သောင်းကျန်းသူတို့က ယင်းတို့အတွက်ရရှိလာသော ကြုံတောင့်ကြုံခဲအခွင့်အရေးကို လက်လွတ်မခံဘဲ ရသမျှအမြတ်ထုတ်ကာ ဒေသအချို့ကို အလုံးအရင်းဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ပွဲများသည် နိုင်ငံတော်ကံကြမ္မာကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားစေနိုင်သည်။ သို့သော် တပ်မတော်သည် နိုင်ငံတော်ကို အသက်သွေးချွေးစတေးပေးဆပ်ကာ ကာကွယ်စောင့်ရှောက်ခဲ့သည်။

မျက်မှောက်ကာလတွင်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ တိုင်းပြည်ပြိုကွဲပျက်စီးစေရန်ရည်ရွယ်၍ NUG / CRPH / PDF / MNDAA/ TNLA /AA အပါအဝင် လက်နက်ကိုင်အဖွဲ့များ၊ NCA စာချုပ်ကို သွေဖည်ချိုးဖောက်သွားကြသည့် လက်နက်ကိုင်အဖွဲ့အချို့နှင့် ၎င်းတို့အား နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းကူညီ၊ အားပေးထောက်ပံ့နေကြသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့တို့သည် နည်းလမ်းအမျိုးမျိုးအဖုံဖုံတို့ဖြင့် တိုင်းပြည်ပြိုကွဲပျက်စီးအောင် ကျူးလွန်နေကြသူများဖြစ်သည်။

၎င်းအကြမ်းဖက်သောင်းကျန်းသူများသည် ရဟန်းသံဃာများ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကလေးသူငယ်များအား ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်/ပုဂ္ဂလိကပိုင် အဆောက်အအုံများကို နည်းလမ်းအမျိုးမျိုးဖြင့် ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူတိုက်ခိုက်ခြင်း၊ မြို့ကြီးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းသို့ လက်နက်ကြီး/ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အရွယ်မရောက်သေးသည့် လူငယ်များကို အတင်းအဓမ္မ လူသစ်စုဆောင်းပြီး တိုက်ခိုက်ခိုင်းစေခြင်း၊ နယ်မြေတစ်ခုအတွင်း အတူတကွနေထိုင်လာခဲ့ကြသော လူမျိုးမတူသူ အခြားတိုင်းရင်းသားလူမျိုးများကို မောင်းထုတ်ခြင်း စသည်တို့ကို ကျူးလွန်ခဲ့ကြသည်။

အဆိုပါအကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများအနေဖြင့် အလုပ်အကိုင်နှင့် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးခြင်း၊ စားဝတ်နေရေးကျပ်တည်းလာခြင်း၊ လူငယ်များ ပညာသင်ကြားခွင့်များဆုံးရှုံးခြင်း၊ အခြေပြုရာ မူရင်းဒေသများမှ စွန့်ခွာတိမ်းရှောင်ရခြင်းအပြင် အနာဂတ်မျှော်လင့်ချက်များ ဆုံးရှုံးပျောက်ကွယ်ရခြင်း စသည့်အခက်အခဲမျိုးစုံနှင့်ကြုံတွေ့နေရသဖြင့် အဆိုပါဒုက္ခများမှ လွတ်မြောက်ရန်အတွက် တပ်မတော်ကသောင်းကျန်းသူများကို အမြစ်ပြတ်ချေမှုန်း ရှင်းလင်းပစ်နိုင်ရန် မျှော်လင့်နေကြသည်။ နိုင်ငံတော်အစိုးရနှင့်တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးကို မျက်ခြည်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို အမြဲဦးထိပ်ပန်ဆင်ကာ မိဘပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်ကြီး မယိမ်းမယိုင် မတ်မတ်ခိုင်မာစေရေးတို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်သလို နိုင်ငံတော်၏ အန္တိမရည်မှန်းချက်၊ ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို အခက်အခဲအနှောင့်အယှက်အမျိုးမျိုးကြားမှ မဖြစ်မနေဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။ ။

သတင်းစာများ - ၂၈၇၂ ခု

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၂၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက် ၊ ဇူလိုင် ၂၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက် ၊ ဇူလိုင် ၂၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ ဇူလိုင် ၂၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၁၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၁၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download