နောက်ဆုံးရသတင်းများ - ၁၀၆၅၉၇ ခု

သောက်သုံးရေပြတ်လပ်မှု မရှိစေရေး ညှိနှိုင်းဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေဖြန့်ဖြူးပေးဝေရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ တက်ရောက်ကြသည်။

အခမဲ့သုံးစွဲခွင့်ပြုပါရန် မူပိုင်ခွင့်ရှိသူများထံ မေတ္တာရပ်ခံပန်ကြားခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026

မြန်မာတစ်မျိုးသားလုံး အလေးအမြတ်ထားပြီး ပျော်ရွှင်စွာဆင်နွှဲကြသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလကို ယခင်နှစ်များနည်းတူ ၂၀၂၆ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာအစဉ်အလာများနှင့်အညီ ဆင်နွှဲသွားမည်ဖြစ်ပါသည်။ ထိုသို့ဆင်နွှဲရာတွင် ဖျော်ဖြေမှုအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် မဟာသင်္ကြန်တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများ၊ တင်ဆက်ကပြမှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုသို့ နိုင်ငံတော်အစိုးရ ကိုယ်စားပြုလုပ်သည့် မြို့တော်ဝန်မဏ္ဍပ်များနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်နှင့်သက်ဆိုင်သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အများပြည်သူသို့ အခမဲ့ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

စက်သုံးဆီဝယ်ယူရာတွင် ပိုမို၍ အဆင်ပြေချောမွေ့စေရေးအတွက် ရောင်းချသည့်စနစ်အား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026

နိုင်ငံတော်တွင် စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ ဒစ်ဂျစ်တယ်နည်းပညာ အခြေပြုဖြန့်ဖြူးရောင်းချသည့်စနစ်ကို ၁၂-၃-၂၀၂၆ ရက်နေ့တွင် စတင်၍ ဆောင်ရွက်ခဲ့ပြီး ၂၇-၃-၂၀၂၆ ရက်နေ့တွင် ယာဉ်တစ်စီးချင်းစီအတွက် စက်သုံးဆီပမာဏကို သတ်မှတ်၍ ရောင်းချပေးသည့်စနစ်သို့ အဆင့်မြှင့်တင်နိုင်ခဲ့ပါသည်။

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၆၈၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မိုးညှင်းမြို့နယ်၌ ငွေကျပ် ၁၀၂၆ သိန်းတန်ဖိုးနှင့် ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၄၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026

မိုးညှင်းမြို့နယ်၌ ငွေကျပ် ၁၀၂၆ သိန်းတန်ဖိုးနှင့် ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၄၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

မြစ်ကြီးနားမြို့ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား မင်္ဂလာသုခကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ဆေးကုသမှုခံယူရင်းမှ ကွယ်လွန်ခဲ့ရသည့် မြန်မာအလုပ်သမားမောင်စန်းယု၏ ကိစ္စရပ်များကို အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာသံရုံး ဆိုးလ်တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026

ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သတ္တုပစ္စည်းနှင့် အစိတ်အပိုင်းများ ထုတ်လုပ်သော MARU TECH စက်ရုံ၌ တရားဝင်လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားမောင်စန်းယုသည် မတ် ၂၄ ရက်တွင် အလုပ်လုပ်ကိုင်နေစဉ် စက်အတွင်း ခန္ဓာကိုယ်ညပ်ဝင်သွားခဲ့ပြီး ဦးခေါင်းခွံနှင့်မျက်ရိုးများ ကျိုးပဲ့ခြင်း၊ လည်ပင်းဆစ်ရိုးလွဲသွားခြင်း စသည့်ဒဏ်ရာများရရှိခဲ့ရာမှ ဦးနှောက်တွင်းသွေးယိုစိမ့်ခြင်း၊ အောက်ဆီဂျင်မရရှိခြင်းတို့ကြောင့် နှလုံးရပ်တန့်သွားခဲ့သည်။

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအတည်ပြုခန့်ထားခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအတည်ပြုခန့်ထားခြင်း

အမှတ် (၁၄၂) အစုန်စာပို့ရထားပေါ်မှ မသင်္ကာဖွယ်ရာအိတ်များ တွေ့ရှိခြင်းနှင့် အမှတ် (၁၂) အစုန် အမြန်ရထားပေါ်တွင် မူးယစ်ဆေးဝါးများအား တရားခံနှင့်အတူ ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026

အမှတ် (၁၄၂) အစုန် (တောင်ကြီး- သာစည်) စာပို့ရထားသည် ရွှေညောင်ဘူတာသို့ မတ် ၃၀ ရက် နံနက် ၈ နာရီတွင် ရောက်ရှိစဉ် ရုံပိုင်ကြီး (အထူးတန်း) ရွှေညောင် အမှတ် (၂၅) မူးယစ်တပ်ဖွဲ့စုမှ တာဝန်ရှိသူများက ရှာဖွေမှုများပြုလုပ်ခဲ့ရာ ရထားထိန်းလိုက်ပါလာသည့် ရထားထိန်းတွဲအခန်းတွင် တောင်ကြီးဘူတာမှ တင်ဆောင်လာသော တန်ဆာမဲ့သော့ခတ်ထားသည့် အစိမ်းရောင်ခရီးဆောင်အိတ်များကို စစ်ဆေးတွေ့ရှိခဲ့ပြီး ရထားကြန့်ကြာမှုမရှိစေရေးအတွက် အောင်ပန်းဘူတာရောက်ရှိချိန်မှ ရထားထိန်းအခန်းအား စစ်ဆေးရာတွင် မသင်္ကာဖွယ်အစိမ်းရောင် အိတ်များ မတွေ့ရှိရသဖြင့် တာဝန်ကျရထားထိန်းနေလင်းအောင်အား မေးမြန်းခဲ့ရာ ၎င်းအိတ်များကို ရွှေညောင်-ဟဲဟိုးဘူတာအကြား၊ ဘဝသံသရာကားလမ်းကူးဂိတ်အနီးတွင် ပစ်ချထားခဲ့ကြောင်း ဖြေကြားသည်။

သတင်းစာများ - ၃၄၈၉ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download