နောက်ဆုံးရသတင်းများ - ၁၀၂၅၄၅ ခု

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 05, 2026

၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှေ့ရင်ပြင်၌ ကျင်းပပြုလုပ်သည်။

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 05, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် (၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 05, 2026

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

မိမိပေါ့ဆမှုကြောင့် မီးလောင်မှုမဖြစ်ရန် ဂရုပြု

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 05, 2026

နှစ်သစ်ကူးကာလ ပြည်တွင်းပြည်ပမီဒီယာများတွင် တွေ့ရှိရသည့် မီးလောင်ကျွမ်းမှု သတင်းများက မီးမပေါ့ဆကြရန် သတိပေးနေသကဲ့သို့ပင်ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ ခရန်မွန်တာနာ နှင်းလျှောစီး စခန်းရှိ ဘားတစ်ခုတွင် နှစ်သစ်ကူး ပါတီကျင်းပစဉ် မီးလောင်ရာ လူ ၄၀ ကျော် သေဆုံးပြီး ၁၁၅ ယောက်ဒဏ်ရာရရှိခဲ့ကြသည်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင်လည်း မီးလောင်မှုကြောင့် ရှေးဟောင်း ဘုရားရှိခိုးကျောင်း တစ်ကျောင်း မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့သည်ဟုဆိုသည်။ နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်(၂) ရပ်ကွက်တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၆၀ ခန့် ဆုံးရှုံးခဲ့ပြီး လူ ၃၀၀ ကျော် မီးဘေးသင့်ခဲ့ကြရသည်။

မိမိပေါ့ဆမှုကြောင့် မီးလောင်မှုမဖြစ်ရန် ဂရုပြု

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 05, 2026

နှစ်သစ်ကူးကာလ ပြည်တွင်းပြည်ပမီဒီယာများတွင် တွေ့ရှိရသည့် မီးလောင်ကျွမ်းမှု သတင်းများက မီးမပေါ့ဆကြရန် သတိပေးနေသကဲ့သို့ပင်ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ ခရန်မွန်တာနာ နှင်းလျှောစီး စခန်းရှိ ဘားတစ်ခုတွင် နှစ်သစ်ကူး ပါတီကျင်းပစဉ် မီးလောင်ရာ လူ ၄၀ ကျော် သေဆုံးပြီး ၁၁၅ ယောက်ဒဏ်ရာရရှိခဲ့ကြသည်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင်လည်း မီးလောင်မှုကြောင့် ရှေးဟောင်း ဘုရားရှိခိုးကျောင်း တစ်ကျောင်း မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့သည်ဟုဆိုသည်။ နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်(၂) ရပ်ကွက်တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၆၀ ခန့် ဆုံးရှုံးခဲ့ပြီး လူ ၃၀၀ ကျော် မီးဘေးသင့်ခဲ့ကြရသည်။

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တစ်စိတ်တစ်ဝမ်းတည်း လက်တွဲကြိုးပမ်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 05, 2026

မျက်မှောက်ကာလတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားသည့် ပြည်တွင်း၊ ပြည်ပအဖျက်အမှောင့်အုပ်စုများက နည်းလမ်းပေါင်းစုံအသုံးပြု၍ အမျိုးမျိုးနှောင့်ယှက်နေကြသည်ကို တွေ့ရမည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဖြစ်၍ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး “ရေကိုသား၍အကြားမထင်”ဆိုသကဲ့သို့ စည်းလုံးညီညွတ်မှုဖြင့် မိမိနိုင်ငံအရေးကို ရှေးရှုဆောင်ရွက်ကြမှသာ ရေရှည်တည်တံ့ပြီး တောင့်တင်းခိုင်မာသော နိုင်ငံအဖြစ်ရပ်တည်နိုင်မည်ဖြစ်သည်။

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအား လွှတ်ငြိမ်းချမ်းသာခွင့်ပြု

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 04, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ယနေ့တွင်ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားပြီး နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကိုနားလည်စေရန်ရှေးရှု၍ ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ ၂ဝ၂၃ ခုနှစ်၊ လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်အားလည်းကောင်း၊ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်/ အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၆၁၃၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 04, 2026

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အနော်ရထာခန်းမရှေ့ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၅၈၄ လုံး စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 04, 2026

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျ ဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချ ဖျက်ဆီးခြင်းများကို အဖွဲ့စုံပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၂၁ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် (၇၈) နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဂုဏ်ပြုမီးအလှထွန်းညှိခြင်းများပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 04, 2026

ယနေ့သည် မြန်မာတစ်မျိုးသားလုံး ဝမ်းသာပျော်ရွှင်မဆုံးဖြစ်ရသော (၇၈) နှစ် မြောက်လွတ်လပ်ရေးနေ့ဖြစ်သည်နှင့်အညီ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားများ၊ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။

သတင်းစာများ - ၃၄၀၁ ခု

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download