နောက်ဆုံးရသတင်းများ - ၇၅၂၂၂ ခု

ကညွတ်ကွင်းမြို့နှင့် ညောင်ပင်သာမြို့ကြား ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ ငနုသန်းတံတားနှင့် ရန်ကုန်-မန္တလေးသွား မီးရထားလမ်းအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2024

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်းဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ်ကညွတ်ကွင်းနှင့် ညောင်ပင်သာဘူတာ အကြားရထားလမ်းအား အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းထောင်ဖေါက်ခွဲဖျက်ဆီးခံထားရခြင်းကြောင့် ကုန်ရထားဖြတ်သန်းစဉ် ရထားလမ်းချော်ကျမှုဖြစ်ပွားပြီး ရထားခရီးစဉ်များ ယာယီဖျက်သိမ်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2024

ယနေ့ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း မလွှကုန်း-မြစ်ငယ် ခရီးစဉ်အတိုင်း ထွက်ခွာလာသည့် အမှတ် (၉၀၁) အဆန်ကုန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကညွတ်ကွင်းဘူတာမှ နံနက် ၅ နာရီ ၁၅ မိနစ်တွင်ဖြတ်သန်းထွက်ခွာခဲ့ရာ ကညွတ်ကွင်းဘူတာနှင့် ညောင်ပင်သာဘူတာအကြားမိုင်တိုင်အမှတ်၊၁၂၅/၁-၄ အတွင်းရထားမဖြတ်သန်းမီအချိန်က သောင်းကျန်းသူအဖွဲ့၏ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း ခံထားရ သဖြင့် ရထားဖြတ်သန်းစဉ် ရထားလမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး ရထားစက်ခေါင်းအပါအဝင် စက်ခေါင်းမောင်းနာနေတွဲနှင့်ကုန်တွဲ တွဲလွတ် (၃) တွဲ စုစုပေါင်းစက်ခေါင်းနှင့်တွဲ (၄) တွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန်မှထွက်ခွာလာသည့် ခရီးသွားပြည်သူ(၂၈၈)ဦး လိုက်ပါလာသည့် အမှတ် (၁၁) အဆန် လူစီးအမြန်ရထားသည် ကျောက်တန်းဘူတာသို့ နံနက် ၇ နာရီ ၉ မိနစ်အချိန်ရောက်ရှိပြီး ၈နာရီခွဲအချိန်တွင် ရန်ကုန်ဘက်သို့ လည်းကောင်း၊ မန္တလေးမှထွက်ခွာလာသည့် ခရီးသွားပြည်သူ (၁၇၄) ဦးလိုက်ပါလာသော အမှတ်(၁၂)အစုန်လူစီးအမြန်ရထားသည် မြစ်သားသို့ နံနက် ၆ နာရီ ၆ မိနစ်အချိန်တွင်ရောက်ရှိပြီး ၈ နာရီ ၂၅ မိနစ်အချိန်တွင် မန္တလေးဘက်သို့လည်းကောင်း အသီးသီးပြန်လည်ထွက်ခွာ ပို့ဆောင်ပေးခဲ့ရသဖြင့် ခရီးသည်များအား ခရီးဆုံးထိ ပို့ဆောင်နိုင်ခြင်း မရှိတော့ဘဲ အဆိုပါလူစီးအမြန် ရထား(၂)စင်းအား ယာယီဖျက်သိမ်းခြင်းပြုလုပ်ခဲ့ရပါသည်။

ရေဦးမြို့ပေါ်က ဒေသခံအမျိုးသား ၉ ဦးကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးဟု သတင်းတု၊ သတင်းအမှားများကို ရေးသားဖြန့်ဝေလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြိုပေါ်ရပ်ကွက်နှစ်ခုရှိ အမျိုးသား ၉ ဦးကို စစ်မှုထမ်းဆောင်ရန် ဧပြီလ ၂၉ ရက်နေ့ညတွင် တပ်မတော်က နေအိမ်အထိ လိုက်လံဖမ်းဆီးသွားသည်ဟု သတင်းအမှားများကို ပြည်ဖျက်မီဒီယာများက ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။

၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2024

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော တပ်မတော်(လေ)ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2024

မြန်မာနှင့်ထိုင်းလေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးသွားရောက်ရန် ဧပြီ ၃၀ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၁၈၄.၄၆) မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ (၂၉) ရုံ၏ တပ်ဆင်စက်အင်အား (၃၂၂၈) မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ (၂၇) ရုံ၏ တပ်ဆင်စက်အင်အား (၃၆၃၈.၃၆၄) မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက်ရုံ (၂) ရုံ၏တပ်ဆင် စက်အင်အား (၁၃၈) မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ (၆) ရုံ၏ တပ်ဆင်စက်အင်အား (၁၈၀) မဂ္ဂါဝပ်တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့်စက်များ၏ စက်တပ်ဆင်အင်အားမှာ ၇၁၈၄.၄၆ မဂ္ဂါဝပ်အထိရှိပါသည်။ နိုင်ငံတော်၏ လိုအပ်ချက်မှာ နှစ်စဉ် (၉%) တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၄၃) မဂ္ဂါဝပ် လိုအပ်သည်။ ထိုသို့ရှိသော်လည်း တပ်ဆင်အင်အားအတိုင်း စက်များအားစွမ်းအားပြည့်မောင်းနှင်နိုင်ပါက လုံလောက်မှုရှိပါသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

နေ့စဉ်မြစ်ရေခန့်မှန်းချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on May 01, 2024

နေ့စဉ်မြစ်ရေခန့်မှန်းချက်

ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း (ချောင်းသာ) မှ ၂၀၂၄ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ / Posted on May 01, 2024

ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း (ချောင်းသာ) မှ ၂၀၂၄ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ဧပြီလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူရည်ချွန်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။

ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ)မှ ၂၀၂၄ခုနှစ်၊ လူရည်ချွန်မောင်မယ်များ ပုသိမ်မြို့ပေါ်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ / Posted on May 01, 2024

ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း (ချောင်းသာ)မှ ၂၀၂၄ခုနှစ်၊ လူရည်ချွန်မောင်မယ်များသည် ဧပြီလ ၂၉ ရကနေ့နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြသည်။

သတင်းစာများ - ၂၇၄၂ ခု

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download