ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / July 04, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မိုးညှင်းမြို့အဝင် BOC စက်သုံးဆီဆိုင် အရှေ့၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နန်းမားမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ ကချင် ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့နေ သန်းဇော်(၄၄)နှစ် မောင်းနှင်လာသည့် YGN-9/6G-XXXX TOYOTA VOXY အဖြူရောင်မော်တော်ယာဉ်နှင့် မိုးညှင်းမြို့၊ နတ်ကြီးကုန်း(ဗမာပိုင်း)ရပ်ကွက်နေ စိုးမြင့်အောင် (၄၆)နှစ် မောင်းနှင်လာသည့် YGN-15/4F-XXXX NISSAN AD VAN အဖြူရောင်မော်တော် ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သန်းဇော်နှင့် စိုးမြင့်အောင်တို့ နှစ်ဦးအား မိုးညှင်းမြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၂၁၃ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download