ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကျင်းပ
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 16, 2026
နေပြည်တော် မတ် ၁၅
၂၀၂၆ ခုနှစ် မတ် ၁၅ ရက်တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၅၂) ၌ ကျင်းပသည်။
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့အစည်းက သတ်မှတ်ထားသည့် ဆောင်ပုဒ်ဖြစ်သည့် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” (Safe Products, Confident Consumers) ဆောင်ပုဒ်နှင့်အညီ ဂုဏ်ပြုကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးမင်းမင်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှု Video Clip ပြသမှု၊ ဂုဏ်ပြုသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုနှင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက ကော်မရှင်အဖွဲ့ဝင်များအား အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခြင်း၊ ခေတ်မီ Digital နည်းပညာကို အသုံးပြု၍ မြန်မာဆန်စပါးအွန်လိုင်း MyRO ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်းကောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကျင်းပခဲ့သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ ဝန်ထမ်းကျင့်ဝတ်အပါး ၃၀ ရွတ်ဆိုမှုပြိုင်ပွဲနှင့် ကွန်ပျူတာကျွမ်းကျင်မှုပြိုင်ပွဲများတွင် ဆုရရှိသည့် ဝန်ထမ်းများကိုလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်းပါးနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၇၁ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
