ကယားပြည်နယ် လွိုင်ကော်မြို့၌ တန်ဆောင်မုန်းလပြည့်နေ့တန်ဆောင်တိုင်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ
ကယားပြည်နယ် လွိုင်ကော်မြို့၌ တန်ဆောင်မုန်းလပြည့်နေ့တန်ဆောင်တိုင်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 06, 2025
လွိုင်ကော် နိုဝင်ဘာ ၅
ကယားပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ တန်ဆောင်မုန်းလပြည့်နေ့ တန်ဆောင်တိုင်ပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲကို ယမန်နေ့ညက လွိုင်ကော်မြို့ ပြည်နယ်ခန်းမနှင့်ကန္ဒာ ဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပသည်။ ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများ တစ်ခဲနက်တက်ရောက်ဆင်နွှဲကြသည်။
တန်ဆောင်မုန်းလပြည့်နေ့ တန်ဆောင်တိုင်ပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ စတုဒိသာမဏ္ဍပ်၊ ဝန်ကြီးဌာနအလိုက်စတုဒိသာမဏ္ဍပ်များ၊ စေတနာရှင်၊ အလှူရှင်ပြည်သူများ၏ စတုဒိသာမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအစားအစာများနှင့် မြန်မာမုန့်မျိုးစုံတို့ကို ကုသိုလ်ပြုဧည့်ခံကျွေးမွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပွဲတော်လာဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ပွဲတော်သို့လာရောက်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားများ ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့် ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်ကွင်းအတွင်း၌ ပွဲတော်လာဧည့်ပရိသတ်များက စိန်နားပန်မီးပုံးပျံများနှင့် မီးပုံးပျံငယ်များလွှတ်တင်ပူဇော်မှုကို ကြည့်ရှုအားပေးပြီး မီးရှူးမီးပန်းများပစ်ဖောက်၍ ပွဲတော်ကိုပျော်ရွှင်စွာဆင်နွှဲကြကာ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်တွင် နိုင်ငံကျော်တေးသံရှင်များ၏ တန်ဆောင်တိုင်ပွဲတော် တေးဂီတဖျော်ဖြေပွဲကို ကြည့်ရှုအားပေးသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် လွိုင်ကော်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်များ လောင်းလှူကုသိုလ်ပြုကြပြီး ဘုရားစေတီပုထိုးများတွင် ဥပုသ်သီလဆောက်တည် တရားဘာဝနာပွားများသူများ၊ ဘုရားဖူးဧည့်သည်များ၊ နောင်ယား ကန်သာနှင့်ထေးငှားလျားကန်သာတို့တွင် အပန်းဖြေအနားယူသူများဖြင့်စည်ကားများပြားခဲ့ကာ ညပိုင်း၌ဘုရားစေတီပုထိုးများ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင် ဆီမီးများနှင့် လျှပ်စစ်မီးအလှများထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
သတင်းစာများ - ၃၃၄၀ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
