ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေး
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ / May 13, 2025

ဘားအံ - မေ (၁၃)
ဒေသတွင်း သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီ နည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထုံးအိုင်ကျေးရွာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းအနီးရှိ တောင်သူဒေါ်ဖြူဝင်း၏ တစ်နိုင်တစ်ပိုင် ဒေသဝက်မွေးမြူရေးခြံနှင့်ဒေသဆိတ်မွေးမြူရေးခြံတို့ကို ကြည့်ရှုအားပေးရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးနှင့်မွေးမြူတောင်သူတို့က လက်ရှိမွေးမြူထားမှုနှင့်ဈေးကွက်ရရှိမှုအခြေအနေများကို ရှင်း လင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာတိုင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်မွေးမြူထုတ် လုပ်ကြရန်မှာကြား၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထုံးအိုင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းရှင်းလင်းဆောင် ၌ ထုံးအိုင်၊ နောင်ထလုံး၊ ဝင်းကျန်၊ ဖာလင်ကျောက်တန်းကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံရာ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်စွာဦးက ထုံးအိုင် လျှပ်စစ်မြစ်ရေတင်၏ရေပေးဝေခဲ့မှုအခြေအနေ၊ ရေဝင်လမ်းကြောင်းသဲသောင်ပိတ်ဆို့မှုကြောင့် စိုက်ပျိုးရေပေးဝေ ရာတွင် အခက်အခဲဖြစ်ပေါ်မှုအခြေအနေ၊ လာမည့်ရေပေးရာသီတွင် ပင်မရေလမ်းကြောင်း၌ ယာယီပွန်တွန်းနှင့် ပိုက် လိုင်းတပ်ဆင်၍ ရေပေးဝေနိုင်ရေးလျာထားစီမံထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လာမည့်နှစ်တွင်ယာယီ ပိုက်လိုင်းစနစ်ဖြင့် ရေစမ်းသပ်ပေးဝေနိုင်ရေးနှင့် ရေသောက်ဧရိယာအတွင်းရှိတောင်သူများ အနေဖြင့် နှစ်သီးစား အနည်းဆုံးစိုက်ပျိုးလုပ်ကိုင်ကြရန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံရာတွင် စားရေရိက္ခာကို လယ်ယာမြေများမှ အဓိကရရှိပြီး စားရေရိက္ခာချို့တဲ့ပါက လူတို့အသက်ရှင်ရန်ခက်ခဲသည့်အတွက် လယ်ယာလုပ်ငန်းများကို အောင်မြင်စွာ လုပ်ကိုင်ကြရန် လွန်စွာအရေးကြီးကြောင်း၊ ဖြစ်ပေါ်ပြောင်းလဲနေသည့်ရာသီဥတုနှင့်လိုက်လျောညီထွေစွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး သက်ဆိုင်သူများနှင့်ညှိနှိုင်းတိုင်ပင်၍ မြေလွတ်မြေလပ်မကျန် သီးထပ်၊သီးညှပ်များဖြင့် စိုက်ပျိုးလုပ် ကိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားကာ ထုံးအိုင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ရေဝင်လမ်းကြောင်းသဲသောင် ပိတ်ဆို့မှုအခြေအနေ၊ ယာယီပွန်တွန်းနှင့်ပိုက်လိုင်းတပ်ဆင်ရေပေးဝေမည့်လျာထားနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထုံးအိုင်ကျေးရွာရှိ တောင်သူဦးမြင့်ဦး၏ အသားတိုးဝက် ၃၃ ကောင်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိမွေးမြူနိုင်ရေး၊ လိုအပ်သည့်အရင်းအနှီးနှင့် သွင်းအားစုများရရှိနိုင်ရေး၊ ဖြစ်ပွားတတ်သည့်တိရစ္ဆာန်ရောဂါများကျရောက်မှုမရှိစေရေး တာဝန်ရှိသူများအားမှာကြား ပြီး မွေးမြူတောင်သူအား တိရစ္ဆာန်သုံးဆေးဝါးများ အခမဲ့ချီးမြှင့်ပေးအပ်ကာ မွေးမြူရေးခြံနှင့်ဆက်စပ်စိုက်ပျိုးထား သော ခရမ်းစိုက်ခင်းနှင့်ငရုတ်စိုက်ခင်းတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝင်းကျန်ကျေးရွာရှိ တောင်သူဒေါ်မအေး၏ ဒေသဆိတ် ၅၁ ကောင် မွေးမြူရေးခြံ၊ ဖာလင်ကျောက်တန်းကျေးရွာရှိ တောင်သူဦးထူးနိုင်၏ ဒေသဆိတ် ၂၇ ကောင်မွေးမြူရေးခြံနှင့် တောင်သူဦးဘရာမား၏ ဒေသဆိတ် ၄၇ ကောင် မွေးမြူရေးခြံတို့အား ကြည့်ရှုအားပေးပြီး တောင်သူတင်ပြချက်အရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကောင်ရေနှစ်ဆတိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ တိရစ္ဆာန် ဆေးဝါးနှင့်အာဟာရဆားခဲများ အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
သတင်းစာများ - ၃၁၆၁ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။
