ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သက်မွေးပညာကာလတိုသင်တန်းများဆင်းပွဲ တက်ရောက်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သက်မွေးပညာကာလတိုသင်တန်းများဆင်းပွဲ တက်ရောက်
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / March 09, 2026
ဘားအံ - မတ် (၉)
ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကော်မတီမှကြီးမှူး၍ နွေရာသီကျောင်းအားလပ်ရက်များတွင်ဖွင့်လှစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာ ကာလတိုသင်တန်းများဆင်းပွဲကို မတ်လ ၉ ရက်နေ့ နံနက် ၈ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်းနှစ်ထပ် ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းမှသင်ကြားပေးသော အသိပညာ၊အတတ်ပညာများဖြင့် ရပ်တန့်မနေပဲ ကျွမ်းကျင်ပညာများမှ ထုတ်ဝေထားသောစာအုပ်များ၊ Online လေ့ကျင့်ခန်းများ၊ အတွေ့အကြုံဝေမျှသည့် Website များ၊ You Tube Channel များစသည့်လက်လှမ်းမီရာစာတွေ့၊ လက်တွေ့များကို စဉ်ဆက်မပြတ်ဆည်းပူးလေ့ လာသွားဖို့လိုကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာနှင့်ကျွမ်းကျင်မှုများကိုအသုံးချပြီး မိမိတတ်ကျွမ်းသွား သည့် ပညာရပ်များနှင့်မိမိရပ်ရွာအကျိုး၊ မိမိဒေသအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းထူးချွန်အထူးဆုရရှိသောသင်တန်းသူ တစ်ဦးအား အပ်ချုပ်စက်တစ်လုံးနှင့်ဆက်စပ်ပစ္စည်းများ၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အခြေ ခံအိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့်ဆိုလာတပ်ဆင်ခြင်းသင်တန်းတို့တွင် သင်တန်းထူးချွန် ပထမဆုရရှိကြသူများ ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သင်တန်းထူးချွန် ဒုတိယဆုနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုများနှင့်သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းဆင်းသင်တန်သား၊သင်တန်းသူများနှင့်စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားကာ သင်တန်းဆင်းသင်တန်းသား၊သင်တန်းသူများကို ကိုယ်တိုင်ဆောင်ရွက်ထားသော သင်တန်း ဆင်း လက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။






သတင်းစာများ - ၃၄၆၅ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
