ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျေးလက်ရေပေးဝေရေးနှင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 11, 2026


ဘားအံ - မေ (၁၁)

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင် ရာ တာဝန်ရှိသူများနှင့်အတူ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၊ မိုက်အောင်ကျေးရွာနှင့် ကော့စိန်ဘန်အထက်ကျေးရွာများရှိ ကျေးလက်ရေပေးဝေရေးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိန္ဒုကျေးရွာအုပ်စု၊ မိုက်အောင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ခု ပြည်ထောင်စု၊ပြည်နယ်ရန်ပုံငွေများဖြင့် မိုက်အောင်ကျေးရွာရေရရှိရေး လုပ်ငန်း ၄ ဒဿမ ၅ လက်မစက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ ရေစင်အောက်ခန်းဖွဲ့ခြင်း ၊5 KW ဆိုလာစနစ်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါရေပေးဝေရေးလုပ်ငန်းမှ ကျေးရွာအတွင်းရှိနေအိမ်များသို့ အိမ်တိုင်ရာရောက်ရေပေးဝေနိုင်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့စိန်ဘန်အထက်ကျေးရွာ ပြည်တော်အေးကျောင်းတိုက်ဆရာ တော်အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ် ငန်း အသင်းသူ၊အသင်းသားများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေမှ တိုးပွား လာသော ရန်ပုံငွေများကို ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည် အသုံးပြုကြစေလိုကြောင်းပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးဝင်းနိုင်က မြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ကော့စိန်ဘန်အထက်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဥက္ကဋ္ဌ က စီမံကိန်းလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြ၍ အသင်းသား၊အသင်းသူများက စီမံကိန်းဆိုင်ရာများနှင့်ကျေးရွာအတွင်းဆောင်ရွက်လိုသည့် လမ်း၊တံတားနှင့် ဖွံ့ဖြိုးရေးဆိုင်ရာများကိုရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့စိန်ဘန်အထက်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဖြင့်ဆောင်ရွက်သော အသင်းသူ နန်းကေသီလင်း၏ ဖူးစားပြောင်းနှင့်ကြံစိုက်ခင်း၊ အသင်းသူ နန်းအေးသီရိထွန်း၏ ဆိတ် နှင့်နွား တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံ၊ အသင်းသား ဦးစောဇင်မင်းအောင်၏ ပဲတောင့်ရှည်နှင့်သခွားစိုက်ခင်းတို့ကို လိုက်လံ ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ အသင်းသား၊အသင်းသူများဆွေးနွေးတင်ပြသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

 

သတင်းစာများ - ၃၅၂၂ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download