ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ကုန်ပစ္စည်းများကို သတိပြုရှောင်ရှား
ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ကုန်ပစ္စည်းများကို သတိပြုရှောင်ရှား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 27, 2026
၂၀၃၀ ပြည့်နှစ်တွင်ရောက်ရှိမည့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်များအနက်မှ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထု၏ မျှော်မှန်း လူ့သက်တမ်းတိုးမြင့်လာစေရေးအတွက် လာမည့်ငါးနှစ်တာကာလသည် အရေးကြီးသဖြင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဆိုင်ရာ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ပြည်သူလူထု၏ မျှော်မှန်းသက်တမ်းတိုးမြင့်လာစေရေးအတွက် ရောဂါအမျိုးမျိုး ဖြစ်ပွားစေနိုင်သည့် အပြုအမူအနေအထိုင်၊ အစားအသောက် စသည့်ပြည်သူများ၏ ကျန်းမာရေးထိခိုက်စေနိုင်သော ကိစ္စအဝဝတို့ကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ပေးခြင်း၊ ကုသစောင့်ရှောက်မှုပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသောကိစ္စများ၌ အစဉ်အဆက်အန္တရာယ်ဖြစ်လာခဲ့သော ဆေးလိပ်သောက်သုံးခြင်းနှင့် ဆေးလိပ်အစားထိုး အီးစီးကရက်သောက်သုံးသည့် အလေ့အထများသည် ဆေးလိပ်သောက်သူသာမက ပတ်ဝန်းကျင်ကိုပါ အန္တရာယ်ရှိကြောင်း အသိပေးတားဆီးမှုပြုလုပ်ကြရမည်ဖြစ်သည်။
ထို့ကြောင့် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်နိုင်သည့် ကျန်းမာရေးအန္တရာယ်များကို အသိပညာပေးလျက်ရှိသလို အီလက်ထရောနစ်အငွေ့ရှူစက်ဖြစ်သည့် အီလက်ထရောနစ်အီးစီးကရက်၊ ယင်းအီလက်ထရောနစ်စီးကရက်ကဲ့သို့ အလားတူ ပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၉) အရ အရေးကြီးကုန်စည်အဖြစ်သတ်မှတ်၍ တားမြစ်အမိန့်ကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။ တားမြစ်အမိန့်နှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိရာ အီလက်ထရောနစ် အီးစီးကရက်နှင့် ပတ်သက်သောပစ္စည်းများ ရောင်းချသူများနှင့် အသုံးပြုကြသူများအနေဖြင့် အထူးသတိပြုရမည်ဖြစ်သည်။
ဆေးလိပ်ကို အလွန်အကျွံဖြစ်စေ၊ နှစ်ပေါင်းများစွာသောက်သုံးလျှင်ဖြစ်စေ နာတာရှည် အဆုတ်ရောင်ရောဂါ (သို့မဟုတ်) အဆုတ်ရောဂါနှင့် ချောင်းကြာရှည်ဆိုးခြင်းဖြစ်စေပြီး အဆုတ်ကင်ဆာရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ ခံတွင်းကင်ဆာရောဂါတို့ကို ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဆေးလိပ်သောက်သုံးပါက ပေါင်မပြည့်၊ လမစေ့ကလေးမွေးဖွားနိုင်သည်။ ကလေးကြုံလှီခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဆေးလိပ်မှ ကာဗွန်မိုနောက်ဆိုက်သည် သန္ဓေသားသို့ရောက်ရှိကာ အောက်ဆီဂျင်မလုံလောက်ဘဲ ကလေးပျက်ကျခြင်း၊ အသေမွေးခြင်းတို့ဖြစ်နိုင်သည်။
ဆေးလိပ်ငွေ့သည် ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ကိုရှူရှိုက်မိလျှင် နီကိုတင်း၊ ကတ္တရာနှင့် ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တို့ကို တိုက်ရိုက်ထိတွေ့ခံစားရကာ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည်။ ဆေးလိပ်သောက်သုံးသူတစ်ဦးကြောင့် ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ ၉ ရာခိုင်နှုန်းခန့်သည် ပတ်ဝန်းကျင်သို့ရောက်ရှိပြီး ပတ်ဝန်းကျင်မှလူများလည်း ညစ်ညမ်းသောလေကို ရှူရှိုက်ရသကဲ့သို့ဖြစ်ပေမည်။ မျက်မှောက်ကာလတွင် အန္တရာယ်ရှိသော ဆေးလိပ်အစားထိုးအီးစီးကရက်များကို ထုတ်လုပ်လာကြရာ အစောပိုင်းက အလုပ်ဖြစ်သလိုရှိသော်လည်း နောက်ပိုင်းတွင် ဆေးလိပ်ကဲ့သို့ပင် ကျန်းမာရေးထိခိုက်သည့် ကုန်ပစ္စည်းဖြစ်လာသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက တားမြစ်ပိတ်ပင်ရခြင်းဖြစ်သည်။
အီးစီးကရက်ကို ဆေးပြတ်ရန် ရည်ရွယ်ထုတ်လုပ်ခဲ့သော်လည်း အီးစီးကရက်တွင် နီကိုတင်းပါရှိသဖြင့် ဆေးလိပ်ပြတ်သွားသော်လည်း အီးစီးကရက်ကို စွဲလာကြသည်။ အီးစီးကရက်တွင် အငွေ့အစီခံပိုင်း၊ ဆေးရည်ထည့်ဘူး၊ အငွေ့ပြန်ကိရိယာ၊ အီလက်ထရောနစ်ပရိုဆက်ဆာ၊ ဘက်ထရီ၊ ဆေးလိပ်မီးနှင့်တူသည့် မီးသီးဆိုသည့် အစိတ်အပိုင်းခြောက်ခုပါဝင်သည်။ ထုတ်လုပ်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရန် နီကိုတင်းများထည့်သွင်းပြီး ရောင်းချလာကြသည်။ ထပ်မံ၍ နီကိုတင်းထက် ပိုမိုဆိုးရွားသည့် ဓာတုပစ္စည်းများပါ ထည့်သွင်းရောင်းချလာကြသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေဖြင့် တားမြစ်ပိတ်ပင်ရမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဆေးလိပ် (သို့မဟုတ်) အီးစီးကရက်သောက်သုံးသူ ၁၀၀၀ တွင် ၂၀ ခန့်သေဆုံးကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် တစ်ကမ္ဘာလုံးတွင် အီးစီးကရက်သည် ဆေးလိပ်ကဲ့သို့ပင် လူကိုဒုက္ခပေးသောပစ္စည်းအဖြစ် သတ်မှတ်လိုက်ကြပြီး အီးစီးကရက်သောက်သုံးမှုသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ကြောင်း အသိပေးပြောကြားလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးထိခိုက်မှုကို စဉ်ဆက်မပြတ်အသိပေးပြောကြားလျက်ရှိသလို အန္တရာယ်ရှိသော အီးစီးကရက်ရောင်းဝယ်ဖောက်ကားမှုကိုလည်း ဥပဒေဖြင့် တားမြစ်ပိတ်ပင်ကာ ပြည်သူများ ကျန်းမာရေးထိခိုက်စေနိုင်သည့် အန္တရာယ်ရှိသောပစ္စည်းများကို သတိပြုရှောင်ရှားနိုင်ရန် အသိပေးနှိုးဆော်ရပါကြောင်း။ ။
သတင်းစာများ - ၃၄၅၄ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
