ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ စတုတ္ထနေ့ဆက်လက်ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 24, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၂၃

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ စတုတ္ထနေ့ကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းတွင် မြန်မာနိုင်ငံရှိ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်၊ ချီကန်ဂန်းယား ဗိုင်းရပ်စ်နှင့် ဇီကာဗိုင်းရပ်စ်များ၏ မျိုးကွဲများပျံ့နှံ့ပုံနှင့် မျိုးရိုးဗီဇပြောင်းလဲပုံ၊ အဆိုပါဗိုင်းရပ်စ်များကြောင့် လူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကိုယ်ခံအားစနစ်နှင့် လတ်တလောတွေ့ရှိချက်များကို ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုအား မျှဝေပေးရန်ရည်ရွယ်၍ “သွေးလွန် တုပ်ကွေး၊ ဆင်တုပ်ကွေးနှင့် ဇီကာဗိုင်းရပ်စ်ရောဂါများ၏ ဗိုင်းရပ်စ်ပိုးဆိုင်ရာနှင့် သွေးရည်ကြည်ပြောင်းလဲမှုများကို မီးမောင်းထိုးပြခြင်း” ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ နာဂါဆာကီတက္ကသိုလ်တို့မှ ပညာရှင်များက “မြန်မာနိုင်ငံနှင့် အခြားသောအာရှနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်၊ ချီကန်ဂန်းယားဗိုင်းရပ်စ် နှင့် ဇီကာဗိုင်းရပ်စ်ကူးစက်ရောဂါများ”၊ “ကူးစက်နိုင်သော အမှုန့်လုံးများကို အသုံးပြု၍ သွေးလွန်တုပ်ကွေး ပဋိပစ္စည်းတုံ့ပြန်မှုကို မြန်မာနိုင်ငံရှိ သွေးလွန်တုပ်ကွေး သွေးနမူနာများတွင် ဖော်ထုတ်ခြင်း”၊ “ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သွေးလွန်တုပ်ကွေး သံသယလူနာများတွင် ချီကန်ဂန်းယား ဗိုင်းရပ်စ်များကို မော်လီကျူးနည်းပညာဖြင့် ရှာဖွေ၍ အမျိုးအစားခွဲခြားခြင်း” ၊ “ ၂၀၁၇ ခုနှစ် မှ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သွေးလွန်တုပ်ကွေးသံသယလူနာများတွင် ဇီကာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်းကိုလေ့လာခြင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြကြသည်။

ထို့အတူ “မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သွေးလွန်တုပ်ကွေးလူနာများ၏ ရောဂါဆိုင်ရာ၊ ဗိုင်းရပ်စ်ဗေဒဆိုင်ရာ၊ ကိုယ်ခံအားဆိုင်ရာ လက္ခဏာများ”၊ “ ၂၀၀၀ ပြည့်မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဖျားနာသောလူနာများတွင် တွေ့ရှိရသော သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးမျိုးကွဲများနှင့် သွေးလွန်တုပ်ကွေးရောဂါနှင့် အတူတွဲဖက်တွေ့ရှိခဲ့သောရောဂါများ”၊ “ဆေးသုတေသနဦးစီးဌာနနှင့် နာဂါဆာကီတက္ကသိုလ် ဂျပန်နိုင်ငံနှင့် မန္တလေးမြို့တို့၌ ၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ခြင်မှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါများအပေါ် ဆောင်ရွက်ခဲ့သည့် သုတေသနများ၏ ရလဒ်များ” စသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးတင်ပြကြသည်။

မွန်းလွဲပိုင်းတွင် ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် သုတေသနမှူးများ၊ တပ်မတော်ဆေးတက္ကသိုလ်မှ အထွေထွေသမားတော်နှင့် ဘွဲ့လွန်သင်တန်းသားများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းမှ အဏုဇီဝဗေဒအတိုင်ပင်ခံ ဆရာဝန်၊ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးမှ အဏုဇီဝဗေဒဆိုင်ရာအတိုင်ပင်ခံ ဆရာဝန်ကြီးတို့က သုတေသနစာတမ်းများ ဖတ်ကြားတင်သွင်းကြရာ တက်ရောက်လာသူများက မေးမြန်းဆွေးနွေးအကြံပြုကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၅၄၇ ခု

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download