ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းဆရာ/ဆရာမများအား ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 15, 2025


     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်မှ မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများပေးပို့ခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် ညနေ ၅ နာရီတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်မြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်း ရှစ်ကျောင်းမှ ပညာရေးဝန်ထမ်းများထံသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ခြိမ်းခြောက်စာများပေးပို့သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ တီးတိန်မြို့၊ လေးလုမ်းရပ်ကွက်နေသူများဖြစ်ကြသည့် အမှတ်(၆)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်မန်းဇဝုန်(၅၄)နှစ်၊ အမှတ် (၁)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်နိန်ခေါမန်း(၅၃)နှစ်၊ လွယ်ဘွာလ်းရပ်ကွက်နေသူများဖြစ်ကြသည့် အမှတ်(၅)အခြေခံပညာအလယ် တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမ ဒေါ်ဇမ်းခန့်နွမ်း(၃၈)နှစ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ကျောင်ငိုက်လွန်း(၃၄)နှစ်၊ မြို့မရပ်ကွက်နေသူများဖြစ်ကြသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခွဲမှ အလယ်တန်းပြဆရာမ ဒေါ်ကျင်းအင်းညောင်(၅၃)နှစ်၊ ရုံးအကူဝန်ထမ်း ဒေါ်ဝုန်ရှန်းမွဲ(၂၅)နှစ်၊ စကောလမ်းရပ်ကွက်နေသူများဖြစ်ကြသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်မန်းတူလ်ကျိန်(၅၆)နှစ်နှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ကျင့်မင့်ထန်(၄၉)နှစ်တို့ ရှစ်ဦးအား အသက် ၂၀ နှစ်ခန့်ရှိ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး ခြိမ်းခြောက်စာများပေးအပ်ခဲ့ကြောင်း အဆိုပါစာတွင် တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီ၏ ပညာရေးလုပ်ငန်းဖော်ဆောင်မှုများကို Zomi Federal Union(ZFU) ၏ ပညာရေးဌာနတစ်ခုဖြစ်သော တီးတိန်မြို့နယ်ပညာရေးဘုတ်အဖွဲ့သည် လုံးဝ(လုံးဝ)တားမြစ်ထားပါကြောင်း စစ်ကောင်စီ၏ လက်ပါးစေဝန်ထမ်းများသည် ပြည်သူ့ပညာရေးလုပ်ငန်းများတွင် မိမိကိုယ်ကျိုးအတွက်သာရည်စူး၍ တော်လှန်ရေးလုပ်ငန်းများ အနှောက်အယှက်ဖြစ်စေသော လုပ်ဆောင်မှုများကို ထပ်မံတွေ့ရှိပါက ZFU/PDF-Zoland၊ PPF-Zoland၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ လက်တွဲ၍ လိုအပ်သလို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည့် ခြိမ်းခြောက်စာများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

     အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းဆရာ/ဆရာမများအား ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၁၉၅ ခု

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download