ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ မျက်နှာစုံညီအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးများ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 16, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF) မျက်နှာစုံညီအစည်းအဝေးနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ (International Cooperation Review Group - ICRG) အစည်းအဝေးများကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၃ ရက်အထိ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

အစည်းအဝေးများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရေးအစီအမံ (Action Plan)ပါအချက်များကို ပြည်တွင်း လူ့စွမ်းအားအရင်းအမြစ်များဖြင့် ဆောင်ရွက်ခဲ့ရာ ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း အဆင့်သတ်မှတ်ချက် (၁၀) ချက်ထိ တိုးမြှင့်ရရှိလာခဲ့ကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိသည့် (၅) ချက်ကို အချိန်ကာလသတ်မှတ်၍ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေပိုင်းဆိုင်ရာမူဘောင်များ ပိုမိုခိုင်မာမှုရှိစေရန် အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – APJG) ၏ အကြံပြုချက်များနှင့်အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ယုံကြည်အပ်နှံမှုအက်ဥပဒေများကို ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း၊ သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေကိုလည်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့ ကြောင်း။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို အသစ်ပြင်ဆင် ပြဋ္ဌာန်းနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဥပဒေ ပြဋ္ဌာန်းပြီးပါကကျန်ရှိသည့် Action Plan (၅) ချက်သည် တိုးတက်မှုရှိလာမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း အပြည့်အဝ အကောင်အထည်ဖော်လိုက်နာဆောင်ရွက်နိုင်ရေးကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ တွေ့လာနိုင်သည့်အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ပြည်ပမှကျွမ်းကျင် ပညာရှင်များ၏ နည်းပညာအကူအညီများ ရယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံကို အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG)က အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ခြင်းကို ၂၀၂၉-၂၀၃၀ တွင် ဆောင်ရွက်မည်ဖြစ်သဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိခြင်းကြောင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးစေလိုကြောင်း၊ ထိုကဲ့သို့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ စိတ်အားထက်သန်မှု (Political Will)နှင့် နိုင်ငံရေးအရအဆင့် မြင့်အရာရှိကြီးများ၏ သန္နိဋ္ဌာန်ချမှတ်ထားမှု (High-level Political Commit-ment) တို့အပါအဝင် တိုးတက်ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးခဲ့သည်။

ICRG အစည်းအဝေးတွင် အာရှပစိဖိတ်ပူးတွဲအဖွဲ့(Asia Pacific Joint Group– APJG) တွဲဖက်သဘာပတိက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ (၁၆) ကြိမ်မြောက်တင်ပြသည့် တိုးတက်မှုအစီရင်ခံစာတွင် လက်ငင်းရလဒ် (၈ ဒသမ၁) ဖြစ်သည့် “ဆုံးရှုံးနိုင်ခြေအန္တရာယ်ရှိမှု များနှင့်အညီ ပြစ်မှုကျူးလွန်ရာမှရရှိသော အကျိုးအမြတ်များ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ပြစ်မှုကျူးလွန်ရာမှရရှိသည့် အကျိုးအမြတ်များနှင့် တန်ဖိုးတူညီသည့် အခြားသောပစ္စည်းများကို သိမ်းဆည်းခြင်း/ ထိန်းချုပ်ခြင်းနှင့် နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်းများကို တိုးမြှင့်ဆောင်ရွက်ရန် ဆိုသည့်အချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အဆင့်မှ တစ်စိတ်တစ်ပိုင်း လိုက်နာဆောင်ရွက်ခြင်းအဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း ဆွေးနွေးပြီး မြန်မာနိုင်ငံအနေဖြင့် APJG ၏ မျက်နှာချင်းဆိုင်အစည်းအဝေးများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering- APG)မှ အမှုဆောင်အတွင်းရေးမှူးက မြန်မာနိုင်ငံအနေဖြင့် FATF နှင့် APG အပါအဝင် အခြားနိုင်ငံအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုမှု အပြည့်အဝရှိကြောင်းနှင့် အားနည်းချက်များကို ပြုပြင်ရန်နိုင်ငံရေးအရ အဆင့်မြင့်အရာရှိကြီးများကိုယ်တိုင် စိတ်အားထက်သန်မှုရှိသည်ကို ပြသခဲ့ကြောင်း၊ နည်းပညာအကူအညီပံ့ပိုးမှုများကိုလည်း ဆောင်ရွက်ပေးသင့်ကြောင်း ဆွေးနွေးပြီး အစည်းအဝေးသို့တက်ရောက်လာသည့် အိန္ဒိယ၊ တောင်ကိုရီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် တိုးတက်ဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကို အသိမှတ်ပြုသင့်ပါကြောင်းနှင့် ကျန်ရှိသည့် Action Plan များ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန် အချိန်ထပ်မံ ပေးသင့်ကြောင်း ထောက်ခံဆွေးနွေးကြသည်။

ICRG အစည်းအဝေးတွင် ဆွေးနွေးချက်များအရ မြန်မာနိုင်ငံဆိုင်ရာတင်ပြချက်ကို FATF မျက်နှာစုံညီအစည်းအဝေး၌ ဆက်လက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင် ရွက်ရန်ကျန်ရှိသည့်အချက်များအပေါ် တိုးတက်လိုက်နာဆောင်ရွက်မှုများရှိခြင်းကြောင့် Public Statement တွင် တိုးတက်မှုများဆက်လက်နှောင့်နှေးနေသည် ဆိုသည့်စာသားကိုပယ်ဖျက်၍ မြန်မာနိုင်ငံအားမူလအတိုင်း အလေးထားစိစစ်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသများစာရင်းတွင်ပင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၄၃ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download