ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများ ဆန်းစစ်သုံးသပ်ခြင်းမှ တွေ့ရှိချက်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများ ဆန်းစစ်သုံးသပ်ခြင်းမှ တွေ့ရှိချက်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 07, 2025
နေပြည်တော် နိုဝင်ဘာ ၆
ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းများအား ဆန်းစစ်သုံးသပ်ခြင်းမှ တွေ့ရှိချက်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါပိုးအားလုံး ကူးစက်မှုပပျောက်စေရန် ရည်ရွယ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ လွန်ခဲ့သောဆယ်စုနှစ်အတွင်း ငှက်ဖျားရောဂါ ထိန်းချုပ်ရေးတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုအရေအတွက်သည် ၈၈ ရာနှုန်း လျော့ကျခဲ့ပြီး သေဆုံးမှုမှာ ၉၇ ရာနှုန်းအထိလျော့ကျခဲ့ပါကြောင်း၊ သို့ရာတွင် ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း ငှက်ဖျားရောဂါထိန်းချုပ်ရေးနှင့် ကူးစက်မှုပပျောက်ရေးလုပ်ငန်းများ၊ အထူးသဖြင့် ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်သည့် ငှက်ဖျားရောဂါဖြစ်ပွားမှုနှင့် Entomological (ပိုးမွှားဗေဒ ဆိုင်ရာ) စောင့်ကြပ်ကြည့်ရှုလေ့လာရေးလုပ်ငန်းများ၏ တိုးတက်မှုကို ထိခိုက်စေခဲ့ပါကြောင်း။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ငှက်ဖျားရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၁၂၆၅၆၂ ဦး ကို စစ်ဆေးတွေ့ရှိကုသပေး နိုင်ခဲ့ပါကြောင်း၊ ငှက်ဖျားရောဂါ စောင့်ကြပ်ကြည့်ရှုလေ့လာခြင်း၊ ရောဂါဖြစ်ပွားမှု တုံ့ပြန်ဆောင်ရွက် ခြင်းလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်းသွား လာသူများအကြား ငှက်ဖျားရောဂါ စစ်ဆေးကုသမှုများကို သေချာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုပြုလုပ်သည့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဆန်းစစ်သုံးသပ်မှုတွေ့ရှိချက်များနှင့် အကြံပြုချက်များကို နောင်လာမည့် ငှက်ဖျားရောဂါထိန်းချုပ်ရေးနှင့် ကူးစက်မှုပပျောက်ရေးအတွက် အမျိုးသားငှက်ဖျားရောဂါ တိုက်ဖျက်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၆-၂၀၃၀)ကို ပြင်ဆင်ရာတွင် အလွန်အသုံးဝင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြား ရေးမှူး (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူး (ရပကန)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (မြန်မာ)မှ တာဝန်ရှိသူများနှင့် Malaria Programme Review အတွက် ကျွမ်းကျင်သူ ပြင်ပပညာရှင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၄၁ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
