စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မကွေးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနအား ကြည့်ရှုစစ်ဆေး


စက်မှုဝန်ကြီးဌာန/ Ministerial Office / January 24, 2025


နေပြည်တော်၊ ဇန်နဝါရီ (၁၉)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ စီးပွားရေးဝန်ကြီး ဦးအောင်ချိန်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် တိုင်းဒေသကြီးဦးစီးဌာနမှူးက တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်း များအခြေအနေ၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ မကွေးစက်မှုဇုန် တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်ထောင်စုအဆင့် MSME ထုတ် ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ပါဝင်ပြသ၊ ယှဉ်ပြိုင်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်း၍ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုကော်မတီမှ ချမှတ်ပေးထားသည့် မူဝါဒများကို လုပ်ငန်းကော်မတီအနေဖြင့် လက်တွေ့ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတွင်း ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းများအား အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ သွားရောက်၍ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် လမ်းညွှန်မှာကြားခဲ့သည့်အချက်များအား မူဝါဒအဖြစ် သတ်မှတ်၍ အောင်မြင်အောင် အစီအမံများရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME များ၏ အခက်အခဲများကို သိရှိမှသာ ထိရောက်သည့် ကူညီပံ့ပိုးမှုများကို ပေးနိုင်မည်ဖြစ်၍ လုပ်ငန်းခွင်အရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းဒေသကြီးအေဂျင်စီအား အထောက်အကူပြုနိုင်ရေးအတွက် လုပ်ငန်းတာဝန်များကို ကြိုးစား၍ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တွင် MSME ကဏ္ဍမှ ပါဝင်မှုရာခိုင်နှုန်းကို တွက်ချက်ထားရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုတိုးတက်လျှင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ထုတ်ကုန်ပစ္စည်းများ အမြောက်အများ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို  ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နည်းပညာရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေး အရင်းအနှီးရရှိရေးတို့ကို စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့် ရှိပြီးဖြစ်သည့် ဒေတာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီး အားနည်းချက်များ လျော့နည်းအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နည်းပညာရရှိရေးအတွက် စက်မှုလုပ်ငန်းများနှင့် တက္ကသိုလ်များ ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME များသည် ဒေသတွင်းရှိ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သဖြင့် ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်၍ အမှန်တကယ်ဖွံ့ဖြိုး တိုးတက်အောင် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME များမှ ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသရောင်းချနေမှုအခြေ အနေတို့ကို လှည့်လည်အားပေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

သတင်းစာများ - ၃၁၀၄ ခု

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download