စက်သုံးဆီဝယ်ယူမှုများနှင့်ပတ်သက်၍ Call Center သို့ သတင်းပေးပို့တိုင်ကြားလာမှုများအပေါ် အရေးယူဆောင်ရွက်လျက်ရှိ
စက်သုံးဆီဝယ်ယူမှုများနှင့်ပတ်သက်၍ Call Center သို့ သတင်းပေးပို့တိုင်ကြားလာမှုများအပေါ် အရေးယူဆောင်ရွက်လျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 04, 2026
နေပြည်တော် ဧပြီ ၃
ပြည်သူများစက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ ပဲခူး၊ ပြင်ဦးလွင်နှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချပေးလျက်ရှိပြီး ပြည်သူများမှ တွေ့ကြုံရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို Call Center မှ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြားဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူများအနေဖြင့် Call Center သို့ သိရှိလိုသည်များ မေးမြန်းခြင်း၊ သတင်းပေးပို့ တိုင်ကြားလာခြင်းများ အပေါ် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ဗောဓိကုန်းကျေးရွာ ရန်ကုန်-မန္တလေးအမြန်လမ်း (၁၃၈)မိုင်ရှိ “BOC” စက်သုံးဆီအရောင်းဆိုင်သည် စက်သုံးဆီများကို ကန့်သတ်ရောင်းချနေ ကြောင်း Call Center သို့ တိုင်ကြားလာမှုအရ စစ်ဆေးဆောင်ရွက်ခဲ့ရာ 92 Ron နှင့် 95 Ron စက်သုံးဆီအမျိုးအစားများကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိမှုအရ အရောင်းဆိုင်အား နောက်ဆုံးအကြိမ် သတိပေးထားရှိပြီး စက်သုံးဆီများကို ကန့် သတ်ရောင်းချကြောင်း ထပ်မံစစ်ဆေးတွေ့ရှိရပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးခြင်း၊ အရောင်းဆိုင်မန်နေဂျာဖြစ်သူအား ကုမ္ပဏီစည်းကမ်းဖြင့် ထိရောက်စွာ အရေးယူစေခြင်းများ ဆောင်ရွက်ခဲ့သည်။
ယနေ့အထိ Call Center သို့ တိုင်ကြားလာမှုအရ အရောင်းဆိုင် ယာယီပိတ်သိမ်းခြင်းနှင့် အရောင်းဆိုင်မှ တာဝန်ရှိသူများကို အရေးယူထားရှိမှုအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ စုစုပေါင်းစက်သုံးဆီအရောင်းဆိုင် (၁၈)ဆိုင်ကို အရေးယူထားရှိခဲ့ပြီးဖြစ်သည်။
တရားမဝင်ရောင်းချမှုများကို အရေးယူ ဆောင်ရွက်မှုအနေဖြင့် စွမ်းအင်ဝန်ကြီးဌာန Call Center သို့ တိုင်ကြားလာသည့် သတင်း များအရ တရားမဝင်စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုများကို ဥပဒေနှင့်အညီ အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်မှုအနေဖြင့် မြောက်ဒဂုံ မြို့နယ် (၂၉) ရပ်ကွက် အောင်သစ္စာလမ်း အိမ်အမှတ် ၃၃၃ ရှိ ဦးကျော်မြင့်၏ နေအိမ်တွင် ဒီဇယ်ဆီဟုယူဆရသော စက်သုံးဆီ ဂါလန် ၅၀ အား ပီပါသုံးလုံးအတွင်း သိုလှောင်ထားရှိပြီး ဆီ စုပ်ပန့်နှစ်လုံး၊ လက်ရိုက်ပန့် နှစ်လုံးတို့အား စစ်ဆေးတွေ့ရှိ ရခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ် မြို့မကျောင်း လမ်းနံဘေး၌ ယာဉ်အမှတ် 3L/1717 Alphard အမျိုးအစားယာဉ်သည် ယာဉ်ရှိဆီတိုင်ကီမှ ဆီကို ပိုက်ဖြင့် ထုတ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အဆိုပါ လမ်းနံဘေးရှိ ဦးဝသုန်ပိုင် တရားမဝင် ဆီရောင်းချသူထံမှ ဒီဇယ်ဆီဟုယူဆရသော စက်သုံးဆီဂါလန် ၉၀ နှင့် ဓာတ်ဆီဟုယူဆရသော စက်သုံးဆီ ၄၈ ဂါလန်ကို စစ်ဆေးတွေ့ရှိရသဖြင့် တရားမဝင်စက်သုံးဆီ ရောင်းချသူ ယာဉ် မောင်း ဦးဝင်းမင်းထွန်းနှင့် တရားမဝင် စက်သုံးဆီများ သိုလှောင်ရောင်းချနေသူ ဦးဝသုန်တို့ နှစ်ဦးအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ခဲ့သည်။
ပြည်သူများအနေဖြင့် Bar Code/ QR Code များကို Scan ဖတ်၍ စက်သုံးဆီဝယ်ယူရာတွင် တွေ့ကြုံရသည့် နည်းပညာဆိုင်ရာ အခက်အခဲများနှင့် အခြားတင်ပြ တိုင်ကြားလိုသည်များ ရှိပါက စွမ်းအင်ဝန်ကြီးဌာန၊ Call Center ဖုန်းအမှတ်များဖြစ်သည့် ၀၉-၂၅၀၁၁၁၂၂၂၊ ၀၉-၂၅၀၁၁၁၃၃၃၊ ၀၉-၄၄၀၄၃၃၃၂၄၊ ၀၉-၈၉၉၁၂၉၂၉၆၊ Viber ဖုန်းအမှတ် ၀၉-၄၀၁၇၄၈၅၉၈ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် တိုင် ကြားလာမှုအပေါ် မှန်ကန်ကြောင်း စိစစ်တွေ့ရှိရပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၉၀ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
