စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / July 13, 2025
မြို့နယ်အချို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်က လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် မွန်းလွဲ ၄ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် စစ်ကိုင်းမြို့၊ ရွှေသမား ရပ်ကွက်နေသူများ ဖြစ်ကြသည့် ဦးဝေ (၆၀) နှစ်အား LUOJIA အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးနှင့် အောင်ကိုကို (၄၅) နှစ်အား SUPERANBO အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
အလားတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၃) ရပ်ကွက်၊ ရွှေဘို-ရေဦးသွားကားလမ်းပေါ်၌ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ရွှေဘို မြို့နယ်၊ ရွာတော်ကျေးရွာနေ ရဲဝင်းနိုင်(ခ)ဦးပိုး (၄၅)နှစ်အား CANDA အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ အတွင်း၌ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်စစ်ဆေး ခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါကျေးရွာနေ နေအောင်(၃၉)နှစ်အား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတွန်ကျေးရွာအတွင်း၌ ဇင်းကျိုက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါကျေးရွာနေ မျိုးမြင့်အောင်(၂၄)နှစ်အား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဈေးတန်းရပ်ကွက်၊ မီးသတ်လမ်းဆုံ မီးပွိုင့်နေရာ၌ တမူးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တမူးမြို့၊ စော်ဘွား (၁)ရပ်ကွက်နေ ဝေယံဖြိုး (၃၁)နှစ်အား Jialing Super Cup အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ခြောက်ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစာများ - ၃၂၂၂ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download