စစ်တွေမြို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်နှင့် အဘယရာဇမုနိဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်စံပယ်တော်မူသည့် စံကျောင်းတော်နှစ်ဆောင်အား စိန်ဖူးတော်တင်လှူပူဇော်ပြီး လက်ဝဲသလုံးတော်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူကာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် ပြန်လည်ပြုပြင်တင်လှူပူဇော်
စစ်တွေမြို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်နှင့် အဘယရာဇမုနိဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်စံပယ်တော်မူသည့် စံကျောင်းတော်နှစ်ဆောင်အား စိန်ဖူးတော်တင်လှူပူဇော်ပြီး လက်ဝဲသလုံးတော်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူကာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် ပြန်လည်ပြုပြင်တင်လှူပူဇော်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 15, 2025

နေပြည်တော် မတ် ၁၄
ရခိုင်ပြည်နယ် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်တွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်နှင့် အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်စံပယ်တော်မူသည့် စံကျောင်းတော် နှစ်ဆောင်အား စိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် အောင်မြေဌာပနာထည့်သွင်းပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် လောကာနန္ဒာစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း၌ကျင်းပရာ စစ်တွေမြို့ ကြွဖြူဘုန်းတော်ကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ တေဇဝန္တ အမှူးပြုသည့် သံဃာတော်များကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိ/မြို့ဖများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြွဖြူကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများထံ စိန်ဖူးတော်နှင့် ဌာပနာတော်များ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် စိန်ဖူးတော်များကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် စံကျောင်းတော်နှင့် အဘယရာဇမုနိဗုဒ္ဓရုပ်ပွားတော် စံကျောင်းတော်သို့ အသီးသီး ပင့်ဆောင်ပူဇော်ကြပြီး လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်ထက်ရှိ အောင်မြေနေရာတွင် ဌာပနာတော်များ ထည့်သွင်းပူဇော်ကြသည်။
ယင်းနောက် စစ်တွေမြို့ ကန်တော်ကြီးအနီးရှိ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော် ဓာတ်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် များအား ပြန်လည်ပြုပြင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ မင်္ဂလာအခမ်းအနားကို အဆိုပါ စေတီတော်မြတ်ကြီးရှိ ဓမ္မာရုံ၌ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြွဖြူကျောင်းတိုက် ပဓာနနာယက ဆရာတော်အမှူးပြုသော သံဃာတော်များထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်များအားပင့်ဆောင်၍ တင်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် ကြွရောက်လာကြသည့် သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်ကြပြီး ဗုဒ္ဓါဘိသိက် သွန်းလောင်းပူဇော်ကာ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အရိယဝံသက ဗြဟ္မဟိ ပါဠိဘာသာဖြင့် ဇေယျသိဒ္ဓိဓာမ်ဂါထာ ရွတ်ပွားပူဇော်သည်။
ယင်းနောက် အလှူရှင်များက ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး စစ်တွေမြို့ တပ်ဦးဆုတောင်းပြည့်ကျောင်းတိုက် ဆရာတော်အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဉာဏဝံသထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၃၁၀၆ ခု

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ မတ် ၁၅ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download