စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်ဇနီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ကြည်ညို
စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်ဇနီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ကြည်ညို
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 17, 2025

ရန်ကုန် အောက်တိုဘာ ၁၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr.Evgeny Grigoryev နှင့်ဇနီးတို့သည် ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ကြည်ညိုလေ့လာကြသည်။
ဦးစွာ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်ဇနီးတို့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးကိုလှည့်လည်ကြည်ညိုကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်မြောက်ဘက်မုခ်အနီး အောက်ပစ္စယာသိင်္ဂုတ္တရဥယျာဉ်တော်၊ ရှင်ဥပဂုတ္တမင်္ဂလာကန်တော်အတွင်းရှိငါးများကို ငါးစာကျွေး၍ ကုသိုလ်ပြုကြသည်။
ထို့အတူ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Mr.Vyacheslav KALGANOVနှင့် ကိုယ်စားလှယ်အဖွဲ့သည် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည့် ရုရှား-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အခြေခံပညာ ကျောင်းသားကျောင်းသူများ၏ ပန်းချီပြိုင်ပွဲ ဆုချီးမြှင်ပွဲအခမ်းအနား တက်ရောက်ကြသည်။
ဦးစွာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာကျောင်းသားကျောင်းသူများ၏ ပန်းချီပြိုင်ပွဲဆုရပန်းချီကားများ ပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “မြန်မာ့ကျောင်းသီချင်း”ဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့် ပြည်ပဆက်ဆံရေးကော်မတီဒုတိယဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြသည်။
ဆက်လက်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသားကျောင်းသူများက ကဗျာ လွတ်အကဖြင့်ဖျော်ဖြေမှုကိုကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ ပြည်ပဆက်ဆံရေးကော်မတီဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုရရှိကြသူများကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ပဆက်ဆံရေးကော်မတီဒုတိယဥက္ကဋ္ဌက သီဆိုကပြဖျော်ဖြေကြသည့် ကျောင်းသား ကျောင်းသူများကို အမှတ်တရလက်ဆောင်ပန်းခြင်းပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ ပြည်ပဆက်ဆံရေးကော်မတီဒုတိယဥက္ကဋ္ဌနှင့် တာဝန် ရှိသူများသည် သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံးသို့ရောက်ရှိပြီးကော်မတီရုံး၌ နှစ်နိုင်ငံ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာအပြန်အလှန်ဆွေးနွေးကြသည်။
ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်ကိုလည်းကောင်း၊ ကျောက်တန်းမြို့ဆေးဘိုဝကျေးရွာရှိ ချစ်ခြင်းမေတ္တာပရဟိတဂေဟာကိုလည်းကောင်း သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၂၁ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download