စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများမှ မွေးမြူရေးဒီပလိုမာနောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 07, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၆

ပျဉ်းမနား၊ ပုသိမ်ကြီး၊ ဟဲဟိုးမြို့တို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများမှ မွေးမြူရေး ဒီပလိုမာနောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC) သင်တန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပျဉ်းမနား၊ ပုသိမ်ကြီး၊ ဟဲဟိုးမြို့တို့ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ မွေးမြူရေး ဒီပလိုမာ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့သင်ယူခဲ့ကြသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်၌ အကျိုးရှိစွာအသုံးချသွားရန်၊ အဆင့်မြင့်မွေးမြူရေးပညာရပ်များ ဆက်လက်ကြိုးစားသင်ယူသွားကြရန်၊ ထူးချွန်ထက်မြက်သည့် လူသားအရင်းအမြစ်များဖြစ်စေရေး၊ နိုင်ငံတော်က အားကိုးအားထားရသည့် ပညာရှင်များအဖြစ်ရပ်တည်နိုင်ရေးကြိုးပမ်းကြရန် တိုက်တွန်းမှာကြားပြီး မွေးမြူရေးဒီပလိုမာ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ကြသည်။

မွေးမြူရေးဒီပလိုမာ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများသည် နေပြည်တော်၌ ရောက်ရှိနေစဉ် နေပြည်တော်ရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြပြီး ဆာဖာရီဥယျာဉ်၊ တိရစ္ဆာန် ဥယျာဉ်နှင့် ရွှေမြို့မွေးမြူရေးဇုန်တို့သို့ သွားရောက်လေ့လာခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနား အမှတ်(၂)သကြားစက်ရုံသို့ ရောက်ရှိပြီး ရေကြီးရေလျှံမှုကြောင့် သကြားစက်ရုံအတွင်း ကျန်ရစ်ခဲ့သည့်သဲနုန်းများ ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အအုံနှင့် စက်ကိရိယာများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရေကြီးရေလျှံမှုတွင် ထိခိုက်ပျက်စီးခဲ့သည့် ပေါင်းလောင်းဆည်ရေသောက်စနစ်အတွင်းရှိ လက်ဝဲလက်ယာ တူးမြောင်းများနှင့် တူးမြောင်းအဆောက်အဦများကိုလည်းကောင်း၊ ဇေယျာသီရိ မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် TBL ကုမ္ပဏီ၏ ဝါမျိုးစေ့ထုတ်စိုက်ကွင်း၌ မိုးနှောင်းချည်မျှင်ရှည်ဝါ ပြန်လည်စိုက်ပျိုးနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေသောက်စနစ်အတွင်းရှိ စပါးစိုက်ခင်းများကိုအောင်ရေပေးဝေမှုလုပ်ငန်းများ အချိန်မီဆောင်ရွက် နိုင်ရေးအတွက် လတ်တလောဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဦးစားပေးအဆင့်အလိုက် ပြုပြင်မွမ်းမံဆောင်ရွက်ရန် လုပ်ငန်းများနှင့် နွေစပါးရေပေးဝေနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၀၁၉ ခု

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download