စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ) သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / January 15, 2025
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ) သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း


ဘားအံ - ဇန်နဝါရီ (၁၄)

နိုင်ငံ၏စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သောလူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနေသော စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)၏ သတ္တမအကြိမ်မြောက် အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင် စိုက်ပျိုးရေးဒီပလိုမာလက်မှတ်အပ်နှင်းသည့်အခမ်းအနားကို ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ချိန်ထိ အလယ်အလတ် အဆင့်စိုက်ပျိုးရေးပညာရှင်ပေါင်း ၃၆၄ ဦးကို စိုက်ပျိုးရေးနယ်ပယ်အတွက် အင်အားသစ်များမွေးထုတ်ပေးနိုင်ခဲ့ရာ ဒီပလိုမာအပ်နှင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မောင်တို့မယ်တို့အနေဖြင့် ဒီပလိုမာနှင့်ရောင့်ရဲမနေဘဲ B.Ag, Post Grate, M.Phill, M.Ag, Ph.D ဘွဲ့များထိ ကြိုးစားကြစေလိုပြီး မိမိတို့သင်ယူတတ်မြောက်ခဲ့သော စိုက်ပျိုးရေးပညာဖြင့် မြန်မာနိုင်ငံတွင်လိုအပ်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်တောင်သူများ၏ ဘဝမြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးဖို့တိုက်တွန်းလိုကြောင်း၊ အမြဲတီထွင်ကြံဆနိုင်သော၊ အရာရာကိုအောင်မြင် စွာကျော်လွှားနိုင်ပြီး အရည်အချင်းပြည့်ဝသော ပြည်နယ်၏စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊သဲတစ် ပွင့်အနေဖြင့် ရေရှည်တည်တံ့သောစိုက်ပျိုးရေးစနစ်ကောင်းများကို ဖော်ဆောင်ပေးနိုင်ကြပါစေကြောင်း ပြောကြားပြီး စိုက်ပျိုးရေးဒီပလိုမာရရှိသူများအတွက် ငွေကျပ် ခြောက်သိန်းကို ဂုဏ်ပြုချီးမြှင့်ကာ စိုက်ပျိုးရေးဦးစီးဌာနမှ ချီးမြှင့်သော ငွေကျပ် ငါးသိန်းကို မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူးက ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ကျောင်းအုပ်ကြီးဒေါ်ခင်သီတာကျော်က လိုအပ်သည့်ကတိခံဝန်ချက်များရယူကာ အလယ်အလတ် အဆင့် စိုက်ပျိုးရေးပညာရှင်လက်မှတ် စိုက်ပျိုးရေးဒီပလိုမာ ပွဲတက်ရယူသူ ၃၀ ဦးနှင့် အဝေးရောက် ဒီပလိုမာရယူသူ ၉ ဦး စုစုပေါင်း ၃၉ ဦးကို စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပြီး အပ်နှင်းပြီးသော ဒီပလိုမာစာရင်းကို လက်မှတ်ရေးထိုးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမနှစ်မှနောက်ဆုံးနှစ်ထိ(၃)နှစ်ဆက်တိုက်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ကြီးက ဒီပလိုမာအပ်နှင်းသဘင်မိန့်ခွန်းမြွတ်ကြား ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဒီပလိုမာယူသူများနှင့်၎င်းတို့၏ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားခြင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ပါသည်။

 

 

 

 

 

သတင်းစာများ - ၃၀၄၄ ခု

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download