စောင့်ရှောက်ကာကွယ် ‌ဒို့ပင်လယ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 07, 2024
image_latest


မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာ စီးပွားရေးလုပ်ငန်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာမှု အ‌ထောက်အကူပေးရေးလုပ်ငန်းများ ‌ဆောင်ရွက်ရန်၊ အရေးပေါ်အချိန်တွင် တပ်မတော်(‌‌ရေ)အား အထောက်အကူပြုနိုင်ရန် စသည့် ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယခုနှစ်တွင် သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ကမ်းခြေစောင့်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာတွင် ပင်မကမ်းခြေကမ်းရိုးတန်းမှ သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်၊ ဝေဟင်နှစ်ရပ်လုံးမှ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်စွမ်းရှိသည့် အရည်အချင်းပြည့်ဝသော ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်လာရန် မျှော်မှန်းချက်ဖြင့်တပ်ဖွဲ့ကို တည်ဆောက်လျက်ရှိရာ သုံးနှစ်တာကာလအတွင်း တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်းလဲလျက်ရှိနေသည်ကို‌ တွေ့ရှိနိုင်သည်။

မိမိတို့နိုင်ငံသည် ပိုင်နက်ပင်လယ်ပြင် စတုရန်းရေမိုင် ၁၄၀၀၀၀ ကျော်၊ ကမ်းရိုးတန်းအရှည် ရေမိုင် ၁၃၀၀ ခန့်နှင့် အိန္ဒိယသမုဒ္ဒရာ၏ အချက်အချာကျသော ပင်လယ်ပြင်နှစ်ခုကို ပိုင်ဆိုင်ထားသည်။ နိုင်ငံတကာကုန်သွယ်ရေယာဉ်အများအပြား နေ့စဉ်ဖြတ်သန်းလျက်ရှိသည့် ကမ္ဘာ့ကုန်သွယ်ရေလမ်းကြောင်းများအနက် အချက်အချာကျသောနေရာတွင် တည်ရှိသည့် ပင်လယ်ရေပြင်ကို ပိုင်ဆိုင်ထားခြင်းဖြစ်ရာ အဆိုပါကုန်သွယ်ရေယာဉ်များ၏ လုံခြုံရေး၊ ကမ်းရိုးတန်းများ လုံခြုံ‌ရေး၊ ပင်လယ်ပြင်အခြေပြု သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများ ဟန့်တားရေး၊ တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သယ်‌ဆောင်မှု၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနှင့် လူမှောင်ခိုကုန်ကူးမှုတို့ကို ကာကွယ်တားဆီးနိုင်ရေးနှင့် ပင်လယ်ပြင်၌ ဘေးအန္တရာယ်ကျရောက်သူများကို ရှာဖွေကယ်ဆယ်နိုင်‌ရေးတို့အတွက် “Guard, Protect and Save Our Sea” “စောင့်ရှောက်ကာကွယ် ဒို့ပင်လယ်” ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့က တာဝန်များကို ကျေပွန်စွာထမ်း‌ဆောင်နေခြင်းဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ်နှင့် ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို အောက်တိုဘာ ၆ ရက်က ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး‌ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားရာတွင် “ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ များပြားသည့် ရေကြောင်းဆိုင်ရာ တာဝန်များကို ထမ်းဆောင်နိုင်ရေးနှစ်စဉ်တိုးချဲ့ ဖွဲ့စည်းပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ‌ရေမိုင် ၁၃၀၀ ခန့်ရှိသည့် ကမ်းရိုးတန်း၊ ကျွန်းပေါင်း ၁၄၀၀ ခန့်ရှိပြီး ရေပြင်နယ်နိမိတ် စတုရန်းရေမိုင် ၁၄၃၁၁၀ ဒသမ ၇၂ ရှိသည့် မိမိတို့နိုင်ငံအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို ယခုထက်များစွာသော ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့သွားရဦးမည်ဖြစ်ကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံရသကဲ့သို့ ပင်လယ်ပြင်တွင်လည်း ပြည်တွင်းပြည်ပက ကုန်သွယ်ရေယာဉ်များကို စစ်ဆေးကြပ်မတ်ရခြင်းဖြစ်သည့်အတွက် ရေကြောင်းဆိုင်ရာ ဥပဒေများ၊ နိုင်ငံတကာဥပ‌ဒေများ၊ IMO Regulation များ၊ မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့် Convention များ၊ Treaty များကို ကောင်းမွန်စွာ သိရှိနားလည်ပြီး မိမိနိုင်ငံအကျိုးစီးပွားအတွက် ထိထိရောက်ရောက် အသုံးချနိုင်ရမည်ဖြစ်သကဲ့သို့ အဆိုပါဥပဒေများနှင့်အညီ ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်များကို ထမ်းဆောင်နိုင်ရန်လည်း လိုအပ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့ကမ္ဘာတွင် ပြောင်းလဲလာသော အခြေအနေများအရ အင်ဒို-ပစိဖိတ်ဒေသ၏ အရေးပါလာမှုနှင့်အတူ ပထဝီအနေအထားအရ အချက်အချာကျသည့် မိမိတို့နိုင်ငံ၏ ပိုင်နက်ပင်လယ်နှင့် ကမ်းရိုးတန်းများ ကာကွယ်ရေးနှင့် လုံခြုံရေးတို့မှာ ပိုမို၍အရေးကြီး လာသည်။ ယင်းသို့သော အခြေအနေတွင် တပ်မတော်‌(ရေ)က နိုင်ငံ၏ ရေပိုင်နက်ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်ကို ပိုမို၍ အာရုံ စူးစိုက်ကာကွယ်ရန် လိုအပ်လာသကဲ့သို့ အတွင်းပိုင်းကမ်းနီးရေပြင် နှင့် ဆက်စပ်နေသော မြစ်ချောင်းများ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုး‌ရေးတို့မှာ ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်များဖြစ်လာခဲ့ရာ စွမ်းရည်ရှိသော၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းနိုင်သော တပ်ဖွဲ့အဖြစ် တည်ဆောက်ရင်းကာကွယ်၊ ကာကွယ်ရင်း တည်ဆောက်သွားရမည်ဖြစ်ပါကြောင်း၊၊ ။

သတင်းစာများ - ၃၀၁၉ ခု

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download