စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလွင် ဦးဆောင်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအား နိုင်ငံတကာကုမ္ပဏီများနည်းတူ အဆင့်မီတိုးတက်ရေးအတွက် သုံးသပ်အကြံပြု ညှိနှိုင်းဆွေးနွေးခြင်း (Brainstorming Session) အခမ်းအနားကျင်းပပြုလုပ်


စွမ်းအင်ဝန်ကြီးဌာန/ Nay Pyi taw / September 19, 2024


စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလွင် ဦးဆောင်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအား နိုင်ငံတကာကုမ္ပဏီများနည်းတူ အဆင့်မီတိုးတက်ရေးအတွက် သုံးသပ်အကြံပြု ညှိနှိုင်းဆွေးနွေးခြင်း (Brainstorming Session) အခမ်းအနားကျင်းပပြုလုပ်

၂၀၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသည့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် ရည်ရွယ်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအား နိုင်ငံတကာကုမ္ပဏီများနည်းတူ အဆင့်မီ တိုးတက်ရေးအတွက် သုံးသပ်အကြံပြုညှိနှိုင်းဆွေးနွေးခြင်း (Brainstorming Session) အခမ်းအနား ကို ယနေ့နံနက်ပိုင်းမှစတင်၍ စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ကျင်းပပြုလုပ်ရာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြား၍ ဦးဆောင် ဆွေးနွေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင် ကဏ္ဍသည် အဓိကကျသည်နှင့်အမျှ မိမိတို့စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေ ရသည့်လုပ်ငန်းတာဝန်များသည် လွန်စွာအရေးကြီးပါကြောင်း၊ ထိုသို့ အရေးကြီးသည့်လုပ်ငန်းတာဝန် များကို ပေါက်မြောက်အောင်မြင်နိုင်စေရန် မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည်၊ စွမ်းဆောင်ရည်နှင့် ထိုးထွင်းစဉ်းစားတွေးခေါ်တတ်မှုများ ပြည့်ဝ နေစေရန်လိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ထမ်းဆောင်နေရသည့်တာဝန်များအပေါ် တန်ဖိုးထားနားလည်တတ်စေရန်နှင့် ဂုဏ်ယူတတ်စေရန်လည်းလိုအပ်ပါကြောင်း၊ Brainstorming ပြုလုပ်ခြင်းဖြင့် ဖန်တီးစဉ်းစားနိုင်စွမ်း (Creative thinking)၊ ဖောက်ထွက်စဉ်းစားနိုင်စွမ်း (Out of the box thinking) များရရှိလာစေပြီး ပြဿနာတစ်ခုကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် Brainstorming ပြုလုပ်သည့်အလေ့အကျင့်ရရှိသွားမည်ဖြစ်ပါကြောင်း၊ Workshop ပြုလုပ်ခြင်းနှင့် မတူညီပါကြောင်း၊ Concept တစ်ခုရရှိရန်အတွက် ဝိုင်းဝန်းစဉ်းစားကြခြင်းပင်ဖြစ်ကြောင်း၊ အခက် အခဲတစ်ခုအားဖြေရှင်းဆောင်ရွက်ရာတွင် မည်သည့်အရာများ ရှိနေသည်၊ ဖြစ်တည်နေသည်၊ ပြုလုပ် ရမည်ဆိုသည့် (What) ကို လူတိုင်းနီးပါးသိရှိကြပါကြောင်း၊ လူအချို့ကသာ မည်သို့အကောင်အထည် ဖော်ကြရမည်ဆိုသည့် (How) ကိုသိရှိကြပြီး အနည်းငယ်သောလူအချို့ကသာဘာကြောင့်ဆောင်ရွက် သည်ဆိုသည့် (Why) ကိုသိရှိပါကြောင်း၊ Why ကိုသိရှိသွားမှသာ မိမိတို့ နိစ္စဓူဝလုပ်ကိုင်ဆောင်ရွက်မှု များသည် အဓိပ္ပါယ်ပြည့်ဝပြီးအကျိုးရှိထိရောက်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံအနေဖြင့် ရေနံတူးဖော်မှုကို ၁၈၈၆ ခုနှစ် ကတည်းကစတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်းများစွာ လုပ်ငန်းအတွေ့အကြုံများရှိခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်သည် နိုင်ငံတကာရေနံကုမ္ပဏီများနှင့်နှိုင်းယှဉ်ပါက များစွာနှေးကွေး လျက်ရှိသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်ခြင်း (Upstream)၊ သယ်ယူပို့ဆောင်ခြင်း (Midstream) နှင့် ချက်လုပ်ခြင်း (Downsteram) ကဏ္ဍ ၃ မျိုး လုံးတွင် ခေတ်မီဖွံ့ဖြိုးလာစေရေးဝိုင်းဝန်းကြိုးစားကြရမှာဖြစ်သည့်အပြင် မိမိတို့ နိုင်ငံအတွင်း၌ တည်ထောင်ထားပြီးဖြစ်သော စွမ်းအင်ကဏ္ဍနှင့်သက်ဆိုင်သည့် အခြေခံအဆောက်အဦများတို့ကို ထိရောက်စွာအသုံးပြု၍ မိမိတို့နိုင်ငံ၏တည်နေရာအနေအထားကိုအသုံးချပြီး စွမ်းအင်ကုန်သွယ်ရေး (Energy Trading) ကို Business အသွင်ဖြင့် အကျိုးရှိအောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စွမ်းအင်ကုန်သွယ်ရေးလုပ်ငန်း (Energy Trading) မှဝင်ငွေရရှိလာသည့်အခါ လိုအပ်သည့် အခြေခံ အဆောက်အဦများထပ်မံတည်ဆောက်ခြင်းဖြင့် လုပ်ငန်းပိုမိုကြီးထွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို ကဲ့သို့ စွမ်းအင်ကဏ္ဍလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီဆောင်ရွက်နိုင်စေရန်အတွက် မြန်မာ့ ရေနံနှင့်သဘဝဓာတ်ငွေ့လုပ်ငန်းအား နိုင်ငံတကာရေနံကုမ္ပဏီများနည်းတူ အဆင့်မီတိုးတက်ရေး အတွက် သုံးသပ်အကြံပြုညှိနှိုင်းဆွေးနွေးခြင်း (Brainstorming Session) အခမ်းအနားကိုကျင်းပ ရခြင်းဖြစ်ပါကြောင်း၊ Brainstorming Session ဖြစ်သည်နှင့်အညီ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့၏ အမြင်နှင့် သုံးသပ်ချက်များအား ပွင့်လင်းစွာဆွေးနွေးသွားကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားပြီး ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့်ဝန်ထမ်းများက မြန်မာ့ ရေနံနှင့်သဘဝဓာတ်ငွေ့လုပ်ငန်းအား နိုင်ငံတကာကုမ္ပဏီများနည်းတူ အဆင့်မီတိုးတက်စေရေး ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ၊ ပြုပြင်ပြောင်းလဲသင့်သည့် ကိစ္စရပ်များ၊ ဖြည့်ဆည်းရမည့်အခြေအနေများအား ပွင့်လင်းစွာဆွေးနွေးသုံးသပ်ခဲ့ကြရာ တက်ရောက် လာကြသည့် ညွှန်ကြားရေးမှူးချုပ်များနှင့်ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ဖြည့်စွက်အကြံပြုဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြား ကာ အခမ်းအနားကို ညနေပိုင်းတွင်ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၂၉၃၄ ခု

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download