ဆင်သေရေသောက်စနစ်အတွင်းရှိ သီးနှံများပျက်စီးဆုံးရှုံးမှုလျှော့ချနိုင်ရေး ကြိုးပမ်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 16, 2025
image_latest


နေပြည်တော် ဧပြီ ၁၅

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများသည် ဧပြီ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့နယ် မယ်ဇလီကျင်းကျေးရွာအနီး ဆင်သေချောင်းပေါ်ရှိ ဆင်သေရေလှောင်တမံ၏ ဝင်ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

မတ် ၂၈ ရက် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီးတွင် ဆင်သေရေလှောင်တမံ၌ တမံအူကြောင်းနှင့်အပြိုင် အက်ကြောင်းများ၊ တမံအူကြောင်းနှင့် ကန့်လန့်ဖြတ်အက်ကြောင်းများ၊ တမံအထက်ပိုင်းအလျောနှင့် အောက်ပိုင်းအလျောတို့တွင် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ တမံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံရေးအတွက်တမံကို ဘူမိရူပဗေဒတိုင်းတာမှု (လျှပ်စစ်ခုခံမှုတိုင်းတာခြင်းနည်းစနစ်)ဖြင့် တိုင်းတာစစ်ဆေးခြင်းအပါအဝင် မျက်မြင်စစ်ဆေးချက်များအရ ပြင်းထန်ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သော အက်ကြောင်းများသည် တမံအပေါ်ယံ ခြောက်ပေခွဲခန့်အနက်ရှိပြီး တမံ၏ကြံ့ခိုင်မှုကို ထိခိုက်နိုင်စွမ်းမရှိကြောင်း၊ တမံ၏အက်ကြောင်းများအတွင်းသို့ သဲဖြည့်၍ ထိပ်မျက်နှာပြင်ကို ရွေးချယ်ထားသော ဖို့မြေဖြင့် သိပ်သည်းအောင် ပြန်လည်ပိတ်ခြင်းအပြင်အပေါ်မှ မိုးကာများအုပ်ထားပြီးဖြစ်ကြောင်း၊ ထပ်မံဖြစ်ပေါ်လာမှု အခြေအနေနှင့် ပြောင်းလဲထူးခြားမှုကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဇုန်မြေသားတမံ အမျိုးအစားဖြစ်ပြီး တမံအမြင့် ၁၀၉ ပေ၊ တမံ အလျားပေ ၁၃၅၀ ရှိ ဆင်သေရေလှောင်တမံမှ ဆည်ရေများကို ဒဟတ်ကုန်းကျေးရွာအနီး တည်ဆောက်ထားသည့် ဆင်သေ ရေလွှဲဆည်မှတစ်ဆင့် စိုက်ပျိုးမြေ ဧရိယာ ဧက ၁၀၀၀၀ ကျော်ကို အကျိုးပြုလျက်ရှိပြီး မတ် ၂၈ ရက် မန္တလေး ငလျင်ကြီးကြောင့် ဆင်သေရေလွှဲဆည် ကျိုးပေါက်ခဲ့မှုအားယာယီရေတားတမံ တည်ဆောက်၍ ဧပြီ ၈ ရက်တွင် နွေသီးနှံစိုက်ပျိုးရေပေးဝေခဲ့သော်လည်း ဧပြီ ၁၁ ရက်တွင် ရစ်(ခ်)တာ စကေးလေးအထက် ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့မှုကြောင့် ဆင်သေရေလွှဲဆည်တမံ ကိုယ်ထည်မှ ထူးပေါက်ဖြစ်ပေါ်ခဲ့သဖြင့် ရေလွှဲဆည်တွင် ရေထိန်းသိမ်းနိုင်ခြင်းမရှိတော့ဘဲ စိုက်ပျိုးရေပေးဝေမှုကို ဧပြီ ၁၂ ရက်တွင် ရပ်နားထားခဲ့ရကြောင်း၊ ရေသောက်စနစ်အတွင်း ရှိသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများက စက်ယန္တရားများ အသုံးပြု၍ အားသွန်ခွန်စိုက်ကြိုးပမ်းလျက်ရှိကြောင်းနှင့် တောင်သူများအားလည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၁၃၇ ခု

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download