ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် အထူးပြပွဲလာရောက်လေ့လာကြည့်ရှုသူ ပိုမိုများပြား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 10, 2026
image_latest


နေပြည်တော် မေ ၉

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် အထူးပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးပတ်လမ်းတွင် ပြသလျက်ရှိရာ ယနေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ အဖွဲ့ဝင်များနှင့် ရဟန်းရှင်လူပြည်သူ လာရောက်ကြည့်ရှုလေ့လာကြသူများ ပိုမိုများပြားစည်ကားခဲ့ရာ ပြပွဲနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားအမြင်များကို စုစည်းဖော်ပြအပ်ပါသည်-

ဦးဇော်ဇော်ဦး ဒုတိယပါမောက္ခချုပ် (စီမံ) အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်

ပြပွဲကို လာရောက်ကြတဲ့အခါ ဘာသာ၊ သာသနာအတွက် ခေတ်အဆက်ဆက် ဘယ်လောက်ရုန်းကန်ခဲ့ရတယ်ဆိုတာ နားလည်သွားမှာဖြစ်ပါတယ်။ နောင်မျိုးဆက်သစ်တွေအပါအဝင် ရဟန်းရှင်လူပြည်သူအားလုံးမှာ ဘာသာ၊ သာသနာကို အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းလိုတဲ့စိတ်တွေ အများကြီးကိန်းအောင်းသွားပြီဆိုတာ ထင်ရှားစွာ တွေ့မြင်ရပါတယ်။ ထေရဝါဒဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေးအတွက် အရေးကြီးတဲ့ ပြပွဲလို့ပြောချင်ပါတယ်။ သာသနာအတွက် အများကြီးတန်ဖိုးရှိပါတယ်။ သာသနာကို ထိန်းသိမ်းစောင့်ရှောက်မယ့် သာသနာပြုမင်းအဆက်ဆက် ကြိုးပမ်းဆောင်ရွက်မှုတွေကို ပေါ်လွင်ထင်ရှားစေပါတယ်။

ဦးထင်ကျော်မိုး ဒုတိယဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)

ပထမသင်္ဂါယနာတင်ကနေ ဆဋ္ဌသင်္ဂါယနာတင်အထိ အကုန်လုံးလေ့လာရတဲ့အတွက် ဗဟုသုတရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာသာသနာ ပြန့်ပွားရေးလုပ်ငန်းစဉ် တွေအများကြီးလိုအပ်တယ်။ ဒီလိုပြပွဲမျိုးတွေကို မကြာခဏကျင်းပမှလည်း ဗုဒ္ဓဘာသာဝင်တွေသာမက နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုအားလုံး ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို သိမြင်နားလည်လာမှာဖြစ်ပါတယ်။

ဦးထွန်းလွင် အသက် (၈၉) နှစ်၊ လှိုင်မြို့နယ်

ဆဋ္ဌသင်္ဂါယနာတင်တဲ့ အချိန်တုန်းက နယ်မြို့မှာနေတာဆိုတော့ ကြားပဲကြားဖူးခဲ့ပါတယ်။ သာသနာနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို သိချင်တာကြောင့် လာရောက်လေ့လာတာ ဖြစ်ပါတယ်။ မျိုးဆက်သစ်တွေအနေနဲ့ လေ့လာသင့်ပါတယ်။ မြန်မာနိုင်ငံဟာ သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ၁၁၀၀၀ ကရက်ရှိတဲ့ မိုးကုတ်ပတ္တမြားကြီးပေါ်လာတယ်။ ဇဗ္ဗူဒီပါလကျ်ာ တောင်ကျွန်းနိမိတ်ထွန်းဆိုသလို နိုင်ငံအေးချမ်းလာမယ့် အတိတ်နိမိတ်ဖြစ်ပါတယ်။

မောင်ဟိဏ်းဝေယံသော် ရွှေပေါက်ကံ

အခုလို ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်အထူးပြပွဲကို လာရောက်လေ့လာခွင့်ရတဲ့အတွက် ဟိုးအရင်က ဆောင်ရွက်ခဲ့တာတွေကို တွေ့မြင်ခဲ့ရပါတယ်။ မျက်ဝါးထင်ထင်မြင်ရတော့ အံ့ဩမိတယ်။ ဒီလိုဆဋ္ဌသင်္ဂါယနာတင်တာကို မြန်မာနိုင်ငံမှာ ဆောင်ရွက်ခဲ့ပါလားဆိုပြီး ဂုဏ်ယူမိပါတယ်။ ဘာသာသာသနာမပျောက်ပျက်အောင်၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရမယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ စာပေတွေလည်း လေ့လာရမယ်လို့ တွေးမိပါတယ်။

မဖြူသီခိုင် ပထမနှစ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်

ပြပွဲက မြတ်ဗုဒ္ဓရဲ့သာသနာနဲ့ ပတ်သက်လို့ ပိုပြီးဗဟုသုတရစေတယ်လို့ မြင်မိပါတယ်။ ဆဋ္ဌသင်္ဂါယနာတင်ခဲ့တယ်ဆိုတာကို စာထဲမှာပဲဖတ်ဖူးတယ်။ ဆဋ္ဌသင်္ဂါယနာတင်ခဲ့တဲ့ သမိုင်းအကြောင်းအရာတွေကို အခုမျက်မြင်ကိုယ်တွေ့လာရောက်ကြည့်မိတဲ့အခါ ဗဟုသုတတွေလည်းရတယ်။ ဘာသာသာသနာကို ပိုပြီးထွန်းကားအောင် လုပ်ဆောင်သင့်တယ်လို့ မြင်မိတယ်။ လူငယ်တွေအနေနဲ့လည်း ဘာသာရေးနဲ့ ပတ်သက်တာတွေကို လေ့လာသင့်တယ်လို့ ထင်ပါတယ်။

သတင်းအဖွဲ့

သတင်းစာများ - ၃၅၂၁ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download