ဆရာအတတ်ပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းရေးဆွဲရေးဆွေးနွေးပွဲနှင့် ဒစ်ဂျစ်တယ်စာကြည့်တိုက် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
ဆရာအတတ်ပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းရေးဆွဲရေးဆွေးနွေးပွဲနှင့် ဒစ်ဂျစ်တယ်စာကြည့်တိုက် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 23, 2026
ရန်ကုန် ဖေဖော်ဝါရီ ၂၂
၂၀၂၆-၂၀၂၇ ခုနှစ် ဆရာအတတ်ပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများ၊ အငြိမ်းစားပညာရှင်ဆရာကြီး ဆရာမကြီးများ၊ ပညာရေးဒီဂရီကောလိပ်ခြောက်ခုမှ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဒီဂရီကောလိပ်များမှ ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် မန္တလေး၊ ပြည်၊ တောင်ကြီး၊ ပုသိမ်နှင့် သထုံတို့ကို တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ရာတွင် သင်ကြားမည့် M.A.(Education), M.Sc.(Education) ဘွဲ့အတန်းများနှင့် လိုက်လျောညီထွေဖြစ်မည့် အခြေခံပညာအထက်တန်းအဆင့်သင်ရိုးနှင့် ပညာရေးဘာသာရပ်များပါဝင်သည့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲရန်လိုအပ်လာကြောင်း၊ သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ပြင်ပပညာရှင်များပါဝင်သည့် ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီ (Subject Wise Curriculum Committee-SWCC)၊ ပညာရေးတက္ကသိုလ်များ၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ ဆရာမများပါဝင်သည့် သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ (Curriculum Development Team-CDT)တို့ ကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆရာကြီး ဆရာမကြီးများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကင်းပညာရေးဒီဂရီကောလိပ်၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ဟားခါးပညာရေးဒီဂရီကောလိပ်၊ ကသာပညာရေးဒီဂရီကောလိပ်နှင့် လားရှိုးပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ကျောင်းအုပ်ကြီးများထံ ပေးအပ်သည်။
ယင်းနောက် ပညာရေးစိတ်ပညာ၊ ပညာရေးသဘောတရား၊ သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်း ဘာသာရပ်ဆိုင်ရာများအလိုက် သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဆွေးနွေးနေမှုများကို ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ Telecom International Myanmar (Mytel) နှင့် Mytel Wallet International Myanmar Co.,Ltd. က ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့ကို ဒစ်ဂျစ်တယ်စာကြည့်တိုက် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် Mytel and Shareholder of MytelPay မှ Chairman, Board Of Director က Digital Library နှင့် Learning Management System လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ်တို့က ကျေးဇူးတင်စကားပြောကြားကာ Telecom International Myanmar Co.,Ltd. တာဝန်ရှိသူက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့အား အမှတ်တရလက်ဆောင်ပေးအပ်သည်။
ယင်းနောက် Digital Library ကို ဖွင့်လှစ်ပေးပြီး Digital Library အတွင်း လှည့်လည်ကြည့်ရှုကြသည်။
Telecom International Myanmar (Mytel) Mytel Wallet International Myanmar Co.,Ltd. အနေဖြင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ Projector တစ်လုံး၊ Computer Desktop ၁၉ စုံ၊ Printer တစ်လုံး၊ WiFi 50 Mbps(1 year) အစရှိသည့် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းတစ်ထောင်) နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ Projector တစ်လုံး၊ Computer Desktop ၁၆ စုံ၊ Printer တစ်လုံး၊ WiFi 50 Mbps(1 year) (ငွေကျပ်သိန်း တစ်ထောင့်ခြောက်ရာတန်ဖိုးရှိ) ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၅၀ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
