တက္ကသိုလ်များနယ်မြေ(ရေဆင်း)၏ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာပဒေသာကပွဲနှင့် စျေးရောင်းပွဲတော်ကျင်းပ
တက္ကသိုလ်များနယ်မြေ(ရေဆင်း)၏ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာပဒေသာကပွဲနှင့် စျေးရောင်းပွဲတော်ကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / February 12, 2025
တက္ကသိုလ်များနယ်မြေ(ရေဆင်း)၏ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် စျေးရောင်းပွဲတော်အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ တက္ကသိုလ်များနယ်မြေ(ရေဆင်း)ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်များ နယ်မြေ(ရေဆင်း)မှ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးများက စျေးရောင်းပွဲတော်ရှိ တက္ကသိုလ်များနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများ၏ တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းရင်းသားရိုးရာပဒေသာကပွဲအား သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ဆက်လက်ကျင်းပရာ ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးများက ကျောင်းသား ကျောင်းသူများ၏ တိုင်းရင်းသားရိုးရာအကများဖြင့် တင်ဆက်မှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများက တိုင်းရင်းသားရိုးရာ ပဒေသာအကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး တက်ရောက်လာသော ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် စျေးရောင်းပွဲတော်သို့ တက္ကသိုလ်များနယ်မြေ(ရေဆင်း)ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်များမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
သတင်းစာများ - ၃၁၀၄ ခု

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
