တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 07, 2026
image_latest


နေပြည်တော် ဧပြီ ၆

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်၊၊

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၈၅ ဦး ရှိသည့်အနက် ယနေ့ အစည်းအဝေးသို့ ၅၈၂ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေး၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအောင်တင်မြင့် အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသဖြင့် လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီအဖွဲ့ဝင်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးရေ သတ်မှတ်နိုင်ရေးနှင့် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေးအား ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်ပြထားကြောင်း၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဦးရေနှင့် ပြည်ထောင်စုတရားသူကြီးချုပ်အမည်စာရင်းနှင့် စပ်လျဉ်း၍ ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်းနှင့် ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းတို့ကို ဧပြီ ၇ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးအပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရေး လွှတ်တော်၏ သဘောတူညီချက်ရယူနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်ပြထားကြောင်းပြောကြားပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များ၏ အမည်စာရင်းတင်ပြချက်နှင့်စပ်လျဉ်း၍ ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်းနှင့် ကန့်ကွက်လိုသူရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းကို ဧပြီ ၇ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာနအရေအတွက်ကို ၃၁ ဌာနဖြင့်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဦးရေကို ၃၀ ဖြင့်လည်းကောင်း သတ်မှတ်နိုင်ရေး ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားကြောင်းနှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန၏ အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယကက ပြည်ထောင်စုအစိုးရဝန်ကြီးဌာနအရေအတွက်၊ အမည်စာရင်းနှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်စာရင်းတင်ပြချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက ဆွေးနွေးခြင်းကို ဧပြီ ၇ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ထားသူ အဖွဲ့ဝင် သုံးဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသူ အဖွဲ့ဝင် သုံးဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသူအဖွဲ့ဝင် သုံးဦး စုစုပေါင်းအဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းနှင့် ယင်းအဖွဲ့မှ ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂၁၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၄ တို့နှင့်အညီ ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ရယူနိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့တင်ပြထားကြောင်း ပြောကြားပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့က ရွေးချယ်တင်ပြထားသည့် အဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

ယင်းနောက် ပြည်ထောင်စု လွှတ်တော်နာယကက ရွေးချယ်တင်ပြထားသည့် အဖွဲ့ဝင်ကိုးဦးအနက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ထားသူ ဦးအောင်ဇော်သိန်းအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားကြောင်း၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အမည်စာရင်းတို့နှင့်စပ်လျဉ်း၍ ခန့်အပ်ရန်သဘောတူကြောင်း ကြေညာခြင်းနှင့် ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းတို့ကို ဧပြီ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေတို့နှင့်အညီ ပြည်ထောင်စုရှေ့ချုပ်အဖြစ် ဒေါက်တာသီတာဦးကိုလည်းကောင်း၊ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေတို့နှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဒေါ်နိုင်သက်ဦးကိုလည်းကောင်း ခန့်အပ်တာဝန်ပေးသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကထံသို့ တင်ပြထားကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ ခန့်အပ်တာဝန်ပေးအပ်ရန် သဘောတူကြောင်းနှင့် ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်လိုကြောင်း အဆိုတင်သွင်းခြင်းတို့ကို ဧပြီ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးစတုတ္ထနေ့ကို ဧပြီ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၉၃ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download