တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငပုတောမြို့ရှိ ဒေသခံပြည်သူ ၆၅၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငပုတောမြို့ရှိ ဒေသခံပြည်သူ ၆၅၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 28, 2025
နေပြည်တော် နိုဝင်ဘာ ၂၇
တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့သို့ရောက်ရှိနေသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနဝင်းအတွင်း အခြေပြု၍ ဒေသခံပြည်သူ ၆၅၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၀၊ ခွဲစိတ်ရောဂါ ၈၁ ဦး၊ သားဖွား မီးယပ်ရောဂါ ၁၈ ဦး၊ ကလေး ရောဂါ ၂၃ ဦး၊ အရိုးရောဂါ ၁၀၀၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၅ ဦး၊ မျက်စိရောဂါ ၇၅ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၈၀ တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ကိုးဦး၊ မျက်စိခွဲစိတ်လူနာ ကိုးဦး၊ ဓာတ်မှန်ရိုက်လူနာ ခြောက်ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများဆောင်ရွက်ပေးသည်။ ထို့ပြင် ငပုတောမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား “အစားအစာနှင့် အာဟာရ” ခေါင်းစဉ်ဖြင့် ကျောင်းကျန်းမာရေးအသိ ပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။
အဆိုပါ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှု အားပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ပေါ်တွင် ခွဲစိတ်ကုသမှုခံယူကြမည့် ဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ပေါ်တွင် လိုက်ပါတာဝန်ထမ်းဆောင်ကြသည့် အရာရှိ၊ စစ်သည်များအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိခဲ့ရပါသည်-
၁။ အခုမောနေပြီးတော့ ကျပ်နေလို့လာပြတာပါ။ ဆရာဝန်ကလည်း ကောင်းပါတယ်တဲ့။ လိုတဲ့ဟာကို အကုန်အားလုံးပြောတယ်။ ကျန်းမာရေးအနေနဲ့ အငန်ကိုတော့ရှောင်ပါတဲ့၊ ကျန်တာတော့ဘာမှမဖြစ်ဘူး။ အထူးကုနဲ့လာပြရတဲ့အတွက် အကုန်လုံးကျေးဇူးတင်ပါတယ်။ ရွာမှာလည်း ဆရာမတွေကို တစ်ဆင့်တစ်ဆင့်လက်ဆင့်ကမ်းပြီး ပြောပြတယ်။ အခုလိုလာပြီး ကုသပေးတဲ့ ဆရာဝန်၊ ဆရာမတွေ ၉၆ ပါးရောဂါကင်းစင်ပြီး အန္တရာယ်ကင်းဘေးဒုက္ခမကြုံရဘဲ အသက် တစ်ရာကျော်မက ရှည်ကြပြီး မပျက်ဒါန သီလဘာဝနာပွားပြီးလျှင် ဒီနေ့ဒီရက် ဒီအချိန်ကစပြီး ကုသပေးတဲ့ လူငယ်မှန်သမျှ ဘေးမျိုးစုံ ကင်းစင်လွင့်ပျောက် ကြပါစေ။
၂။ ကျန်းမာရေးအခြေအနေက ကျွန်တော့်မျက်လုံးခွဲမယ်ခင်ဗျ။ နောက်ပြီး လည်ပင်းမှာရှိတဲ့ အကျိတ်လည်းခွဲမယ်ခင်ဗျ။ မျက်လုံးနဲ့ အကျိတ်နဲ့ဆိုလို့ရှိရင် ဒီအကျိတ်က တော်တော်နာနေတယ်။ ဒီရက်ထဲမှာ ဒီတစ်လနှစ်လအတွင်းမှာနာတယ်။ မျက်လုံးကတော့ ဒီညာဘက်မျက်လုံးပဲမြင်တယ်။ ဘယ်ဘက်မျက်လုံး ကတော့ ဝေနေတယ်မမြင်ရဘူး။ ပြရတာတော့ အင်မတန်ကောင်းပါတယ်။ စိတ်လည်းချမ်းသာတယ်။ ဆက်ဆံရေးလည်းကောင်း၊ အစစအရာရာ လိုလေးသေးမရှိ ပျူပျူငှာငှာ ဆက်ဆံပါတယ်။ အခုမျက်လုံးကို ဒီနေ့ခွဲမယ်ဆိုလို့ ရှိရင် သင်္ဘောပေါ်မှာ ခွဲပေးမယ်။ အကျိတ်ကိုတော့ အခုခဏ စောင့်ပါတဲ့။ တော်ကြာလို့ရှိရင် အဖြေလာပေးပါမယ်လို့ ပြောပါတယ်။ ခဏတော့ စောင့်ခိုင်းပါတယ်။ ကျွန်တော်လည်းအားကိုးပါတယ်။ စောင့်မှာပါ။ ကျွန်တော့အနေနဲ့အများကြီးကျေးဇူးတင် ပါတယ်။ အဝေးကနေပြီးတော့ ကျွန်တော်တို့ဒေသကို အခုလိုလာပြီး ကူညီပံ့ပိုးပေးတဲ့အတွက် ပြည်သူအားလုံးနဲ့ ကျွန်တော်တို့က ကျေးဇူးလည်း တင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ ပီတိလည်းဖြစ်ပါတယ်။
၃။ လက်တွေကထုံတယ်။ ကျဉ်တယ်။ လေအောင့်တယ်။ အဲဒါကြောင့်လာပြတာပါ။ ဖြစ်တာတော့ကြာပြီ။ မနှစ်တုန်းက လာတုန်းက အမျိုးသားက ဆေးရုံ တက်နေတော့မပြဖြစ်ဘူး။ အခုမှလာပြတာ။ သူများတွေကရွာထဲမှာ ဆရာတွေလာတယ်တဲ့။ အဲဒါ သွားပြချင်ရင် ပြလို့ရတယ်။ အဲဒါ နဲ့ပဲ လာလိုက်တာပါ။ အကြောတွေ အားနည်းနေတယ်ဆိုပြီးတော့ အစားကို များများစားပေးပါတဲ့။ ဆေးလည်းထိုးပေးလိုက်တယ်။ အဖွဲ့သားတွေအားလုံး လာရောက်ပြီးတော့ ကုသပေးတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ နောက်ကိုလည်းလာရောက်ပြီးတော့ ကုသပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။
သတင်းစဉ်
သတင်းစာများ - ၃၃၆၃ ခု
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
