တရားမဝင်ကုန်သွယ်မှုများကို ပြတ်ပြတ်သားသားတိုက်ဖျက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 30, 2025
image_latest


“တရားမဝင်ကုန်သွယ်မှုများသည် ရာဇဝတ်ကျူးလွန်မှု၊ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ငွေကြေးထောက်ပံ့မှုအပါအဝင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်စေသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုကို ပြတ်ပြတ်သားသား တိုက်ဖျက်ဆောင်ရွက်သွားရန်” ၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျင်းပသည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားထားသည်။

တရားမဝင်ကုန်သွယ်မှုကို ထိရောက်စွာတိုက်ဖျက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ၂၀၂၂ ခုနှစ်မှစတင်၍ ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် သုံးနှစ်နှင့်လေးလတာကာလအတွင်း ဖမ်းဆီးရမိသည့်အမှုတွဲ ၂၂၁၈၉ မှု၊ တန်ဖိုးငွေကျပ် ၅၇၆ ဒသမ ၅၄၁ ဘီလီယံ ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့သည်။ လအလိုက်ဖမ်းဆီးရမိမှုတွင် ၂၀၂၅ ခုနှစ် မတ်လတွင် အများဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ နယ်မြေလုံခြုံရေးအခြေအနေအရ နယ်စပ်ကုန်သွယ်ရေး ခေတ္တရပ်တန့်နေသည့်အချိန်တွင် တရားမဝင် ကုန်ပစ္စည်းတင်ပို့မှုနှင့် တင်သွင်းမှု များပြားလာမှုများနှင့်အတူ ဖမ်းဆီးရမိမှုများလည်း များပြားလာသည်ကို တွေ့ရသည်။

တရားမဝင်ကုန်သွယ်မှုသည် နယ်စပ်ဖြတ်ကျော်တရားမဝင်လုပ်ကိုင်မှုများဖြစ်၍ ကုန်သွယ်ဖက်အိမ်နီးချင်းနိုင်ငံများနှင့် သတင်းဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဝန်ကြီးဌာနအချင်းချင်း၊ အစိုးရအဖွဲ့အချင်းချင်းညှိနှိုင်းပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လမ်းညွှန်ထားသည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံမဟာမိတ်အဖွဲ့၏ ၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်အညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၅၈ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့် ၁၁၇ သတ်မှတ်ထားသည်ကို တွေ့ရသည်။ ၂၀၁၈ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှုဆိုင်ရာ ပတ်ဝန်းကျင်အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့် ၈၁ သာရှိသဖြင့် ၂၀၂၅ ခုနှစ်တွင် အညွှန်းကိန်းများ ပိုမိုတိုးတက်လာသည် ကိုတွေ့ရသည်။

သို့သော် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံအနေဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် အဆင့် (၉) သာရှိနေသည့်အတွက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ယခုထက်ပိုမို၍ အရှိန်အဟုန်မြှင့်တင်ပြီး ပြတ်ပြတ်သားသား တိုက်ဖျက်သွားရန် လိုအပ်မည်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံမဟာမိတ်အဖွဲ့က ထုတ်ပြန်သည့် တရားမဝင်ကုန်သွယ်မှုများ အလွန်အကြူးပြုလုပ်သည့်ကဏ္ဍ ၁၂ ရပ်တွင် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ၊ စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများနှင့် ပိုးသတ်ဆေးများ၊ အရက်နှင့် အတုအပကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ အဖိုးတန်သတ္တုနှင့် ကျောက်မျက်များ၊ ဆေးရွက်ကြီး ကုန်စည်များ၊ လူကုန်ကူးမှုများ၊ တောရိုင်းတိရစ္ဆာန်များ ပါဝင်သည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် သုံးနှစ်နှင့်လေးလတာကာလအတွင်း တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် တရားမဝင်မော်တော်ဆိုင်ကယ် အများဆုံးဖမ်းဆီးရမိသည်ကိုတွေ့ရသည်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသွင်းကုန်ပစ္စည်းများ၊ စက်ကိရိယာပစ္စည်းများနှင့် အခြားလူ့အသုံးအဆောင်ပစ္စည်းများလည်းပါဝင်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် လယ်ယာသုံးပစ္စည်းကိရိယာများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရားဝင်လိုင်စင်များ ထုတ်ပေးထားသော်လည်း ယင်းအပေါ်ကျော်လွန်၍ ဆောင်ရွက်မှုများရှိနေသည့်အတွက် ကြပ်မတ်ထိန်းကျောင်း ဆောင်ရွက်ရမည်။ တစ်ဖက်တွင် ဖမ်းဆီးထိန်းချုပ်ပြီး တစ်ဖက်တွင် မူပိုင်ခွင့်ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အကောက်ခွန်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ပြည်သူများအပါအဝင် အစိုးရ၊ လုပ်ငန်းရှင်များ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်ရာတွင် ပြည်သူများ၏ သတင်းပေးမှုများဖြင့် တစ်ဖက်တစ်လမ်းက ထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ရသည်။ ထို့ကြောင့် သတင်းပေးပြည်သူများ၏ လုံခြုံမှုနှင့် နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် သတင်းလုံခြုံမှုကို သက်ဆိုင်ရာတာဝန်ရှိသူများက လျှို့ဝှက်ထိန်းသိမ်းပေးရမည်ဖြစ်သည်။ သတင်းပေးသည့်အတွက် ဖမ်းဆီးရမိမှုအပေါ်မူတည်၍ နိုင်ငံတော်က အကျိုးအမြတ်ထောက်ပံ့ပေးခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ပေးခြင်းစသည့် ခံစားခွင့်များကို ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ တရားမဝင်ကုန်သွယ်ခြင်းသည် နိုင်ငံတော်အတွက် အဘက်ဘက်တွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေသည့်အတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများနှင့်အတူ အစိုးရ၊ လုပ်ငန်းရှင်များ၊ စီးပွားရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးတို့က ယခုထက်ပိုမို အရှိန်အဟုန်မြှင့်တင်၍ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းသွားကြမည်ဟု ယုံကြည်ပါကြောင်း။ ။

သတင်းစာများ - ၃၂၇၅ ခု

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download