တောင်သူများအဆင်ပြေစေရေး သွင်းအားစုများဖြည့်ဆည်းပေး
တောင်သူများအဆင်ပြေစေရေး သွင်းအားစုများဖြည့်ဆည်းပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 21, 2026
ယခုကာလတွင် အရှေ့အလယ်ပိုင်းဒေသ၌ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် စက်သုံးဆီအခက်အခဲများနှင့် နောက်ဆက်တွဲဂယက်ရိုက်ခတ်မှုများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း စက်သုံးဆီအခက်အခဲများနှင့် အထွေထွေလိုအပ်ချက်များကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ပြည်သူများ၏ လိုအပ်ချက်များနှင့်အတူ တောင်သူလယ်သမားများ၏ သွင်းအားစုကုန်ပစ္စည်းများနှင့် ပတ်သက်၍လည်း အခက်အခဲမရှိအောင် ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူလယ်သမားများအား စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူနိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအချိန်ကာလသည် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရေးရာသီကာလဖြစ်သည်။ အချို့ တောင်သူများအနေဖြင့် စိုက်ပျိုးပြီးစီးပြီး အချို့စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများရှိ တောင်သူများလိုအပ်သည့် လယ်ယာလုပ်ငန်းခွင်သုံး ပြည်တွင်းထုတ်ဒီဇယ်ဆီကို တစ်ဂါလန်လျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် ကျေးရွာအရောက် ရောင်းချပေးလျက် ရှိသည်။
တောင်သူများအနေဖြင့် ကမ္ဘာ့စီးပွားရေးဂယက်ရိုက်ခတ်မှုကြောင့် စက်သုံးဆီနှင့် ဓာတ်မြေဩဇာများရှားပါးမှု၊ ဈေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့နေသည့်အခက်အခဲကို နိုင်ငံတော်က ကူညီဖြေရှင်းပေးလျက်ရှိသည်။ ထိုသို့ လိုအပ်သည့်စက်သုံးဆီများကို ကူညီဖြည့်ဆည်းပေးလျက်ရှိသည့်နည်းတူ နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပေါင်းစပ်၍ နွေစပါးစိုက်ပျိုးသည့် တောင်သူများသွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာများ အရည်အသွေးမှန်ကန်စွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ ပုလဲဓာတ်မြေဩဇာ တစ်အိတ်လျှင် ငွေကျပ် ၁၀၀၅၀၀ နှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းကို ကျေးရွာများရှိ စိုက်ပျိုးရေးနည်းပညာပေးစင်တာများတွင်ပြုလုပ်ခဲ့ရာ ဓာတ်မြေဩဇာဝယ်ယူကြသည့် နွေစပါးစိုက်တောင်သူများအား ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင်များက တွေ့ဆုံအားပေးခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် တောင်သူများအနေဖြင့် ဓာတ်မြေဩဇာများကို အသုံးပြုရာ၌ အလေအလွင့်မဖြစ်ပေါ်စေရေးနှင့် သီးနှံသက်တမ်းအလိုက် ထည့်သွင်းနည်းစနစ်အတိုင်း မှန်မှန်ကန်ကန်အသုံးပြုပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက်သာမက ပြည်ပသို့ဆန်တင်ပို့မှု မြှင့်တင်နိုင်ရေးတို့ကိုပါ မှာကြားခဲ့သည်။
နိုင်ငံတော်က နွေစပါးစိုက်တောင်သူများအတွက် လိုအပ်မှုများအား ဖြည့်ဆည်းပေးမှုကို စနစ်တကျအသုံးချပြီး နိုင်ငံတော်၏ ရည်မှန်းချက်များကို ပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာခြောက်ရွာသို့ စက်သုံးဆီများနှင့်အတူ ဓာတ်မြေဩဇာများရောင်းချပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း လက်ရှိစိုက်ပျိုးလျက်ရှိသော နွေစပါးစိုက်ဧကများမှ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသည့် ဧရိယာ၏ ဓာတ်မြေဩဇာ လိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ပထမအသုတ်အဖြစ် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ မြေပြင်ကွင်းဆင်းစိစစ်ထားသော ထောက်ခံချက်များဖြင့် ရောင်းချပေးလျက်ရှိသည်။ ကျန်စိုက်ပျိုးဧရိယာများအတွက်လည်း အသုံးပြုရမည့်ကာလအမီ နှစ်ကြိမ်ခွဲ ရောင်းချပေးခြင်းဖြင့် စိုက်ပျိုးသီးနှံအထွက်နှုန်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဖြည့်ဆည်းပေးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် ပြည်သူများအကျိုးစီးပွားအတွက် အေးချမ်းသာယာဝပြောရေးနှင့် စာရေရိက္ခာဖူလုံရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တောင်သူလယ်သမားဦးကြီးများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည့်သွင်းအားစုများကို မဖြစ်မနေဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရက ပြည်သူများ စားရေရိက္ခာပြည့်စုံရေးအတွက် တောင်သူများ၏ လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်းပေးနေသလို တောင်သူများကလည်း ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပြီး တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးလုပ်ငန်းများတွင် အားလုံးလက်တွဲ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
သတင်းစာများ - ၃၅၀၂ ခု
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
