ထိုင်းနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း ဖမ်းဆီးရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 11, 2026
image_latest


နေပြည်တော် မတ် ၁၀

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်စစ်ဆေးရေးဂိတ်၌ နယ်မြေလုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မတ် ၉ ရက် နံနက် ၈ နာရီခန့်တွင် မုပ္ပလင်ကျေးရွာ အနီးရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းအတိုင်း ကျိုက်ထိုမြို့ဘက်မှ သိမ်ဇရပ်မြို့ဘက်သို့ လမ်းလျှောက်လာသော မသင်္ကာဖွယ် တရုတ် နိုင်ငံသားတစ်ဦးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ ၎င်းမှာ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည် နယ်နေ Mr.Jiang Xiaoqiang (ဘ) Mr. Jiang Xingfu ၊ အသက် (၄၅) နှစ်ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းသို့ ထိုင်းနိုင်ငံမှတစ်ဆင့် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိ တရုတ်နိုင်ငံသား၏ ပြောကြားချက်အရ ၎င်းသည် တရုတ်နိုင်ငံတွင် နေထိုင်စဉ် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင် လျက်ရှိသော တရုတ်နိုင်ငံသားတစ်ဦးနှင့် ချိတ်ဆက်မိ၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့(စိစစ်ဆဲ) နေရာသို့ ရောက်ရှိပြီး တစ်လလျှင် ထိုင်းဘတ်ငွေ ၂၀၀၀ ဖြင့် အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းများ လုပ်ကိုင်ခဲ့ရကြောင်း၊ ၎င်းတွင် ပါရှိလာသည့် ပစ္စည်းများ၊ ဖုန်း၊ ပတ်စ်ပို့နှင့် ဗီဇာများကိုလည်း သိမ်းဆည်းထားကြောင်း၊ ထိုသို့လုပ်ကိုင်ရာတွင် နေရာအတည်တကျ လုပ်ကိုင်ရခြင်းမရှိဘဲ နေရာငါးနေရာခန့် ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ရကြောင်း၊ ၂၀၂၆ ခုနှစ် မတ်လအတွင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ သောင်ရင်းမြစ်အား စက်လှေဖြင့် ဖြတ်ကူး၍ မြန်မာနိုင်ငံ မြဝတီမြို့သို့ရောက်ရှိပြီး အဆောက်အအုံ တစ်လုံးအတွင်း နေထိုင်ခဲ့ရကြောင်း၊ ထို့နောက် အဆိုပါနေရာမှ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး ယခုမုပ္ပလင်စစ်ဆေးရေးဂိတ်အနီးသို့ ရောက်ရှိစဉ် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော တရုတ်နိုင်ငံသားအား သက်ဆိုင်ရာ၌ ထိန်းသိမ်းထားရှိပြီး မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၃ (၁) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၆၆ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download