ဒီမိုကရေစီစနစ်ကို မြန်မာ့နည်း၊ မြန်မာ့ဟန် ကြိုးပမ်းဖော်ဆောင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 01, 2025
image_latest


မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ပြည်သူများအားလုံး လိုလားသည်။ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်လျက်ရှိသည်။

စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနှင့်ပတ်သက်၍ “ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်း၊ လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ ကျွန်တော်တို့ မြန်မာတွေဦးစီးပြီး ဖော်ဆောင်သွားကြရမှာဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်ရာမှာ နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး အားလုံးစုဖွဲ့ လုပ်ကိုင်ဆောင်ရွက်သွားကြမယ်ဆိုရင် ထိရောက် အောင်မြင်မှာဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၅ သုံးသပ်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဒီမိုကရေစီဖော်ဆောင်ကျင့်သုံးရာတွင် ကမ္ဘာ့နိုင်ငံအချို့၏ဖြစ်စဉ်များအပေါ် သင်ခန်းစာယူပြီး ပုံဖော်ဆောင်ရွက်သွားဖို့လိုသည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် နိုင်ငံများအနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံပုံစံတူညီမှုမရှိပေ။ ဒီမိုကရေစီစနစ်ကို စွဲမြဲစွာကျင့်သုံးခဲ့သည့် အနောက်ဥရောပနိုင်ငံများတွင်ပင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင့်သုံးမှုပုံစံမတူညီပေ။ အာရှနိုင်ငံများတွင်လည်း တူညီမှုမရှိပေ။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် အခြားနိုင်ငံများကို ပုံတူကူးချ၍ရမည်မဟုတ်ဘဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုဓလေ့စရိုက်ဖြင့် ကိုယ့်နည်းကိုယ့်ဟန် အကောင်အထည်ဖော်ရမည်သာဖြစ်သည်။

ဒီမိုကရေစီစနစ်ကို မြန်မာနိုင်ငံ၌ လွတ်လပ်ရေးရပြီးစကာလမှစ၍ ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ထိုစဉ်ကာလက နိုင်ငံရေးအကွဲအပြဲများနှင့် အခက်အခဲပေါင်းစုံကြုံတွေ့ခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ၂၀၁၁ ခုနှစ်မှ စတင်၍ကျင့်သုံးခဲ့သည့် ကာလများတွင်လည်း အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ဒီမိုကရေစီမရင့်ကျက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဒီမိုကရေစီ ပထမအစိုးရလက်ထက်တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော်လည်း စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဒီမိုကရေစီဒုတိယ အစိုးရသက်တမ်းတွင်လည်း တစ်ပါတီလွှမ်းမိုးမှုများ လုပ်ဆောင်ခဲ့သဖြင့် အမှားအယွင်းများနှင့် ကြုံတွေ့ခဲ့ရသည်။

ကြုံတွေ့ခဲ့ရသော ဒီမိုကရေစီအသွင်ကူးပြောင်းရေး အခက်အခဲများနှင့် စိန်ခေါ်မှုများကို သင်ခန်းစာရယူပြီး မြန်မာနိုင်ငံနှင့်အသင့်တော်ဆုံး၊ အကိုက်ညီဆုံး ဒီမိုကရေစီစနစ်ကို ဆက်လက်အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ စည်းကမ်းပြည့်ဝသည့် စစ်မှန်သောဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာတွင် တည်ငြိမ်အေးချမ်းမှုသည် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည်။ အားလုံး၏ဆန္ဒသည် ပြည်ထောင်စုကြီးမပြိုကွဲရေးနှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ညီညွတ်မျှတသည့် လူမှုစီးပွားဘဝလုံခြုံရေးနှင့် အာမခံချက်ရရှိရေးတို့သာ အဓိကဖြစ်သည်။ အေးချမ်းစွာနေထိုင်ပြီး ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး၏ တိုးတက်သည့်ဘဝကို ရရှိမည်ဖြစ်သည်။

ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ပြီး ပေါ်ပေါက်လာသော လွှတ်တော်များတွင် နိုင်ငံတော်အကျိုး၊ ပြည်သူများ၏အကျိုးကိုဦးစားပေးပြီး သဘောထားကြီးစွာ၊ စိတ်ရှည်သည်းခံကာ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။ လူမျိုးရေး၊ ဒေသအရေးတို့ကို ရှေ့တန်းမတင်ဘဲ ပြည်ထောင်စုကြီးအရေးကို ဦးထိပ်ပန်ဆင်ကာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနှင့် ရွေးကောက်ပွဲလမ်းကြောင်းများမှတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံပါသည်။

သို့ဖြစ်ရာ ဒီမိုကရေစီလမ်းစဉ်သည် အများပြည်သူအကျိုးကို ဦးစားပေးဆောင်ရွက်ပြီး လူနည်းစုအကျိုးကိုလည်း မျက်ကွယ်မပြုသည့် မွန်မြတ်သော လမ်းစဉ်ဖြစ်၍ ဒီမိုကရေစီစနစ်ကို မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့လမ်းစဉ်ဖြင့် မြန်မာများအားလုံးက ကြိုးပမ်းအကောင်အထည်ဖော်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်သွားကြရမည်ဖြစ်ပါကြောင်း။ ။

သတင်းစာများ - ၃၄၈၇ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: ၃၂

ဘာသာစကား: မြန်မာ

Download