ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး အားလုံးပါဝင်နိုင်ရန်လက်ကမ်းကြိုဆို
ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး အားလုံးပါဝင်နိုင်ရန်လက်ကမ်းကြိုဆို
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 28, 2025
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင် ရန်အတွက် ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရန်ရည်ရွယ်၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကြားနာစစ်ဆေးဆဲအမှုများပိတ်သိမ်းခြင်းအမိန့်များကို နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။
တစ်ဆက်တည်းတွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံသားများအပေါ် TPS (Temporary Protected Status) ပေးထားမှုကို ရပ်ဆိုင်းလိုက်သည့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ကြားသိလိုက်ရသည်။ အဆိုပါ နိုင်ငံတော်ကထုတ်ပြန်သည့် လွတ်ငြိမ်းခွင့်၊ သက်သာခွင့်၊ ပိတ်သိမ်းခြင်းနှင့် အမေရိကန်အစိုးရ၏ ရပ်ဆိုင်းခြင်းအမိန့်များသည် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ အပြုသဘောဆောင်အကောင်းမြင်ပြီး လူသားချင်းစာနာထောက်ထားမှုအပြည့်အဝဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားများအတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်မည့် မင်္ဂလာရှိသော သတင်းစကားများဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမည်ဖြစ်သည်။
အမေရိကန်နိုင်ငံအစိုးရ၏ သတင်းထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ၏ လက်ရှိကာလပြောင်းလဲတိုးတက်လာသော အခြေအနေကောင်းများကြောင့်ဖြစ်သည်မှာ ပေါ်လွင်ထင်ရှားပေသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အရေးပေါ်အခြေအနေမှ ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ပေးမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်လာမှုနှင့် တိုးတက်မှုများကြောင့် အမေရိကန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ လုံခြုံစွာပြန်နိုင်ရန်အတွက် ဆောင်ရွက်ချက်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိနိုင်သည်။
မြန်မာနိုင်ငံအစိုးရနှင့် အမေရိကန်နိုင်ငံအစိုးရတို့၏ ထုတ်ပြန်ချက်များသည် အပြုသဘောဆောင်၊ ကောင်းကျိုးဆောင်သည့် ထုတ်ပြန်ချက်များပင်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့ကတည်းက နေရာဒေသအသီးသီး သို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား အစိုးရက တရားဝင်ကြေညာချက်ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့သည်။ ယင်းတို့တွင် လူသတ်မှု၊ မုဒိမ်းမှု စသည့်ပြစ်မှုကြီးများ ကျူးလွန်ထားသူများအနေဖြင့် တရားဥပဒေအရ ရင်ဆိုင်ရမည်ဖြစ်ပြီး ကျန်နိုင်ငံသားများအနေဖြင့် အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးသွားမည်ဟု ကြေညာခဲ့ပြီးဖြစ်သည်။ အဆိုပါကြေညာချက်ကြောင့် ထွက်ပြေးတိမ်းရှောင်သူများစွာ ပြန်လည်ရောက်ရှိလာပြီး နိုင်ငံအတွင်း၌ ကောင်းမွန်စွာနေထိုင်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်များအနေဖြင့် PDF အမည်ခံ လက်နက်ကိုင်အုပ်စုများကိုလည်း တရားဥပဒေ ဘောင်အတွင်းဝင်ရောက်နိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ အဆိုပါဖိတ်ခေါ်ချက်ကြောင့် PDF အမည်ခံ လက်နက်ကိုင်အဖွဲ့ဝင် ရာပေါင်းများစွာ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး ဆက်လက်၍လည်း တဖွဲဖွဲဝင်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါဆောင်ရွက်ချက်များသည် နိုင်ငံတော်အစိုးရက နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားကိုရှေးရှု၍ အပြုသဘောဆောင် အကောင်းမြင်စိတ်ထားဖြင့် သဘောထားကြီးစွာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၌ မကြာမီကာလတွင် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ရာ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ပြန်လာပြီး အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်မည့်အခွင့်အရေးများ ရရှိကြမည်ဖြစ်သည်။ အလားတူ အကြောင်းအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးဖြင့် ဥပဒေဘောင်မှဖယ်ခွာပြီး လမ်းမှားရောက်နေကြသောသူများ၊ ဥပဒေအရ ပြစ်ဒဏ်ကျခံနေသည့်သူများ၊ ဥပဒေအရ ရင်ဆိုင်နေရသူများကိုလည်း ဥပဒေပြစ်ဒဏ်အမှုများမှ ဖြေလျှော့သက်သာခွင့်ပေးလိုက်ပြီဖြစ်ရာ နိုင်ငံတော်အစိုးရ၏ မွန်မြတ်သောစိတ်ထားနှင့် ဆောင်ရွက်ချက်များကို လေးစားသောအားဖြင့် စည်းကမ်းပြည့်ဝပြီး ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ရန် လက်ကမ်းကြိုဆိုမှုတွင် အားလုံးပါဝင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
သတင်းစာများ - ၃၃၆၃ ခု
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
