ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ SMVTI နှင့် အင်းစိန်ဂျီတီအိုင်တို့၌ ကျောင်းသားများအားတွေ့ဆုံ
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ SMVTI နှင့် အင်းစိန်ဂျီတီအိုင်တို့၌ ကျောင်းသားများအားတွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 14, 2025

နေပြည်တော် မတ် ၁၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ စင်ကာပူ-မြန်မာသက်မွေးပညာသင်ကျောင်း(SMVTI)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ MSME များ ဖွံ့ဖြိုးရေးအထောက်အကူပြုနည်းပညာရှင်များ၊ ကျွမ်းကျင်သူများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ သင်တန်းများသည် အရည်အသွေးပြည့်မီ၍ လုပ်ငန်းခွင်လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေရေးနှင့် အမှန်တကယ်ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရေးအလေးထားလေ့ကျင့်ပေးရန်၊ သင်တန်းဆင်းများ အလုပ်အကိုင်များရရှိပြီး ဘဝအဆင့်မြင့်မားလာမှုများကို သင်တန်းသားသစ်များ အားကျအတုယူအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုအားပေး
ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဘာသာရပ်ဌာနများရှိ စာသင်ခန်းများ၊ အလုပ်ရုံများ၊ လက်တွေ့ခန်းများ၊ ဟိုတယ်နှင့်ခရီးသွားဘာသာရပ်သင်တန်းများတွင် ကျောင်းသား ကျောင်းသူများက လက်တွေ့လေ့ကျင့်နေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ နိုင်ငံတော်မှ လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ထိရောက်မြန်ဆန်စွာ ဖန်တီးပေးနိုင်ရေး မွန်မြတ်လှသော အခမဲ့အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးကာ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်ကို တန်ဖိုးထားလေ့ကျင့်ကြရန်နှင့် နိုင်ငံတော်အပေါ် ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် ပြည်သူများကို အမှန်တကယ်အလုပ်အကျွေးပြုနိုင်သည့် ဗလငါးတန်နှင့် ပြည့်စုံသော လူကောင်းများ ဖြစ်စေရေးရည်မှန်းချက်ချမှတ်ပြီး ဆောင်ရွက်ကြရန်မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)သို့ ရောက်ရှိပြီး စာကြည့်တိုက်၌ လေ့လာဖတ်ရှုလျက်ရှိကြသော ကျောင်းသားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ကြည့်ရှုအားပေးပြီး ကျောင်းသားများထံ သုတ၊ ရသစာအုပ်များကို ပေးအပ်လှူဒါန်းသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် EV အလုပ်ရုံရှိ အဆင့်မြင့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်သွားရန်၊ EV သုံးစွဲသူ ပြည်သူများအပါအဝင် EV Stakeholders များ၏ လက်ဝယ်အရောက်သက်ဆိုင်ရာ EV နည်းပညာများကို ထိရောက်ပီပြင်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၁၀၅ ခု

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download