ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ (၈၁) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးနေမှု ကြည့်ရှုအားပေး
ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ (၈၁) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးနေမှု ကြည့်ရှုအားပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 23, 2026
နေပြည်တော် မတ် ၂၂
(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးနေမှုကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များနှင့် တပ်ဖွဲ့၊ ဦးစီးဌာနများမှတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ သောင်းလှိုင်နှင့် ဆေးရုံတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး ကြသည်။
စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ ဝင်နှင့် ဝန်ထမ်းအင်အား ၁၀၁၀ တို့နှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်း အင်အား၂၀၀ စုစုပေါင်းအင်အား ၁၂၁၀ တို့က ဆေးရုံကြီးဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက်ဆောင်ရွက်ခြင်း၊ ဆေးကုသဆောင်နှင့် အဆောက်အအုံများပေါ်ရှိ အမှိုက်များ၊ သစ်ရွက်ခြောက်များ ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အအုံများဘေးထိစပ်နေသော သစ်ကိုင်းများ၊ သစ်ပင်ကြီးများ အမြင်တင့်တယ်စေရေး၊ လေဝင်/လေထွက် ကောင်းမွန်စေရေးနှင့် အလင်းပွင့်စေရေးအတွက် ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်း များဖော်ထုတ်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်အား ပေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၇၈ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
